Palmer နဲ့ Malik တို့ဟာ အမွေအနှစ်ရာဇဝတ်မှုတပ်ဖွဲ့ရဲ့အဖွဲ့ဝင်တွေဖြစ်ပြီး ပြတိုက်တွေ၊ အနုပညာလက်ရာတွေ၊ သမိုင်းဝင်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ပြစ်မှုတွေကို စုံစမ်းရှာဖွေဖော်ထုတ်ကြရပါတယ်။Palmer က အနုပညာသမိုင်းကို နက်နက်နဲနဲနားလည်သူဖြစ်ပြီး Malik က လက်တွေ့ကျတဲ့ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်လို့ သူတို့ရဲ့လုပ်ဆောင်ချက်တွေက ရိုးရှင်းပေမယ့်လည်း စိတ်ဝင်စားစရာကောင်းပါတယ်။Palmer ရဲ့ဖခင်အဖြစ် Ron Palmer (Larry Lamb) လည်းပါဝင်ထားပြီး သူကတော့ ကျော်ကြားတဲ့အနုပညာလက်ရာအတုပြုလုပ်သူတစ်ဦးအဖြစ် ဇာတ်လမ်းရဲ့အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။အနုပညာလက်ရာလောကရဲ့အမှောင်ဘက်ခြမ်းကိုရိုက်ကူးဖော်ပြထားပြီး အနုပညာလက်ရာတွေရဲ့တန်ဖိုး၊ သမိုင်းကြောင်းနဲ့ လျှို့ဝှက်ချက်တွေကို စုံထောက်ဇာတ်လမ်းအဖြစ်ရိုက်ကူးထားတာဖြစ်ပါတယ်။Art Detectives စီးရီးဟာ အနုပညာလက်ရာသမိုင်းကြောင်းတွေနဲ့ စုံထောက်ဇာတ်လမ်းတွေကို နှစ်သက်သူတွေသဘောကျစေမယ့်ဇာတ်လမ်းတွဲဖြစ်ပြီး Stephen Moyer ရဲ့သရုပ်ဆောင်မှုနဲ့အနုပညာလက်ရာဆိုင်ရာပဟေဠိတွေက ဇာတ်လမ်းကို ပိုမိုစိတ်ဝင်စားစရာဖြစ်စေတာမြင်တွေ့ရပါတယ်။