Hostages FHD

Hostages

Crime Drama FHD 2019-05-30 6.2

2013 တုန်းက အတော်လေးနာမည်ကြီးခဲ့တဲ့ Israel series ကို remakeပြန်ရိုက်ထားပြီးတော့မင်းသားကြီး ရိုနစ်ရွိုင်နဲ့ မင်းသမီးကြီးတစ်စကာချိုပရာတို့နှစ်ယောက်လုံး Gold award ရခဲ့တဲ့Hostages 2019 ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းလေးက vd အတိုလေးတွေနဲ့ အတော်လေးhypeထားတဲ့ ဇာတ်လမ်းလေးဆိုတော့ဇာတ်လမ်းအပြည့်အစုံကိုရှုစားလိုသူတွေ အခုပဲ CMမှာ ရှုစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ရွေးကောက်ပွဲနီးလို့ မဲဆွယ်စည်းရုံးရေးကာလ အရှိန်တက်နေတဲ့အချိန်မှာ ဝန်ကြီးချုပ်ဟန်ဒါတစ်ယောက်ကျန်းမာရေးအခြေအနေကြောင့် ရုတ်တရက် ခွဲစိတ်ရဖို့ဖြစ်လာပါတယ်။သူ့ကိုတာဝန်ယူခွဲစိတ်ပေးရမယ့် ဆရာဝန်ကတော့ အရမ်းကိုတော်လွန်းထက်မြက်လွန်းတယ်လို့ အားလုံးက သတ်မှတ်ထားကြတဲ့ ခွဲစိတ်ဆရာဝန် မီရာအာနန်ဒီလိုနဲ့ နောက်တစ်နေ့ခွဲမစိတ်ခင်ညမှာ မီရာအာနန်ရဲ့အိမ်ကို မျက်နှာဖုံးစွပ်နဲ့လူ 3 ယောက်ဝင်ချလာပြီးတော့ သူတို့တစ်မိသားစုလုံးကို ပြန်ပေးဆွဲပါတော့တယ်။သူတို့ကိုလွှတ်ပေးဖို့အတွက် အလဲအလှယ်က ဝန်ကြီးကို ခွဲခန်းထဲက ထွက်မလာနိုင်တော့အောင် ဇီဝိန်ချုပ်ပေးဖို့ပါတဲ့။ဒီလိုဘေးကြပ်နံကြပ်အခြေအနေကနေ မီရာအာနန်တစ်ယောက် ဘယ်လိုတွေဆက်ရင်ဆိုင်ရမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။