Tires FHD

Tires

Comedy FHD 2024-05-23 6.156

Sitcom အမျိုးအစား စီးရီးလည်းကြိုက်တယ် ဟာသလေးတွေနဲ့လည်း အပန်းဖြေချင်တယ်ဆိုဒီကောင်လေးကို ညွန်းပေးချင်တယ်ဗျာ။ တစ်ခုရှိတာကတော့ ဒီထဲက ဟာသပြက်လုံးတွေကအရမ်းရိုင်းပါတယ် ဆဲတာဆိုတာတွေကြမ်းပါတယ် ဒါတော့သတိချပ်ကြစေလိုပါတယ်။ဒီစီးရီးလေးကိုတော့ အမေရိကန် Stand-up ဟာသပညာရှင် Shane Gillis က ဖန်တီးထားတာဖြစ်ပြီးသူကိုယ်တိုင်ပဲ ရှိန်းနာမည်နဲ့ အဓိကဇာတ်ကောင်တစ်ကောင်နေရာက ပါဝင်ထားပါတယ် (အဆိုးဆုံးကောင်ပါပဲ)။ ဇာတ်လမ်းလေးကတော့ ရိုးရိုးရှင်းရှင်းပဲ စီးရီးနာမည်အတိုင်းအဖေဖြစ်သူရဲ့ တာယာဆိုင်ခွဲလေးကို တာဝန်ယူလုပ်ကိုင်နေရတဲ့ ဝီလ်ဆိုတဲ့ဘဲရှိတယ်။ဒီဘဲကငစား ဆိုင်ကိုအောင်မြင်အောင်လည်းလုပ်ချင်တယ် လုပ်ရင်လည်းပေါက်ကရဆိုတာမျိုး။ဒါတင်ပဲလားဆိုတော့ သူ့ဆိုင်ကဝန်ထမ်းတွေကလည်း သိပ်အားကိုးရတာ။အဆိုးဆုံးကတော့ အမျိုးလည်းတော်ပြီး ဝန်ထမ်းဖြစ်နေတဲ့ ရှိန်းဆိုတဲ့ကောင်ပဲ။အခွင့်အရေးရတိုင်း ဝီလ်ကို နှိပ်စက်မယ် ဒုက္ခပေးမယ် အုံးပေးမယ်အာရုံနောက်မယ်ဆိုပြီး မွေးရာပါတာဝန်နဲ့ လာတဲ့ကောင်။ ကိုင်လာဆိုတဲ့ မိန်းမဝန်ထမ်းဆိုရင်လည်း အရက်သမ၊ခွင့်ဆိုတာလည်း နှစ်မကုန်ခင် ကုန်နေတဲ့လူမျိုး။ ကယ်လ်တစ်ယောက်ပဲ ကောင်းကောင်းကန်းကန်းရှိမယ်ထင်တယ်။နောက်ပြီး ဖအေဖြစ်သူရဲ့လူယုံ ဒေ့ဗ်ဆိုတာကျ ဝီလ့်ကို အမှားတစ်ချက်လုပ်တာနဲ့ လှမ်းထောင်းချင်တဲ့ကောင်။ဒီလိုပေါက်ကရဇာတ်ကောင်လေးတွေနဲ့ ဒီတာယာဆိုင်လေးကိုဘယ်လိုမျိုး ပေါက်ကရအလွဲလွဲအချော်ချော်တွေနဲ့ ဦးစီးကြမလဲဆိုတာကိုပျော်ရွှင်ဖွယ်ရာ ရိုက်ကူးထားတဲ့ Sitcom လေး ဖြစ်လို့ အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။