အရင်ကဂေါ့ဖ်မှာ ဆရာတစ်ဆူအဖြစ် နာမည်ကျော်ကြား အောင်မြင်မှုတွေ ရခဲ့ပေမဲ့နောက်ပိုင်းဘဝကိုဖြစ်သလိုအချိန်ဖြုန်းနေတဲ့ စတစ်ဆိုတဲ့သူက တစ်ရက်မှာအလာလားအများရှိပြီးတော်တဲ့ တက်သစ်စကောင်လေးကိုတွေ့သွားပါတယ်။အဲဒီနောက် ကောင်လေးရဲ့နည်းပြလုပ်ဖို့ဆုံးဖြတ်ပြီးတဲ့နောက် စတစ်ဘဝအကြောင်းတွေသူတို့နှစ်ယောက်ဘယ်လိုပြိုင်ပွဲတွေ ဆက်ပြိုင်သွားမယ်ဆိုတာတွေကိုမြက်ခင်းစိမ်းစမ်းပေါ်မှာ မြင်တွေ့ရမှာြဖစ်ပါတယ်။ အတင်းလုပ်ယူမထားတဲ့ ဟာသတွေ၊ဘ၀ရဲ့ထင်မှတ်မထားတဲ့ တစ်ဆစ်ချိုး အပြောင်းအလဲတွေကိအကောင်းဆုံး မီးမောင်းထိုးဖော်ပြထားတာကြောင့်ဂေါ့ဖ်အားကစား ပရိသတ်တစ်ယောက် မဟုတ်ရင်တောင် သဘောကျမိသွားစေလောက်တာပြီးအတော်လေး လှပတဲ့ ရှုထောင့် ရိုက်ချက်တွေကြောင့်သာမန် ဂေါ့ဖ်အားကစားကိုအခြေခံရိုက်ကူးထားတဲ့ စီးရီးတစ်ခုထက်ကိုပိုပါတယ်။ဂေါ့ဖ်အကြောင်းနားမလည်ရင်တောင် ကြည့်လို့ကောင်းတာမလို့sports drama စီးရီးကောင်းကောင်းရှာနေရင်တော့ ဒီစီးရီးညွှန်းပေးချင်ပါတယ်ဗျာ။