Abyss Dweller 潜渊 FHD

Abyss Dweller 潜渊

Drama FHD 2025-06-09 9

ဒီတစ်ခါ ပရိသတ်ကြီးကိုတင်ဆက်ပေးမယ့် ဇာတ်လမ်းကတော့၁၉၄၀ ခုနှစ်လောက်မှာအခြေတည်ထားတဲ့ တော်လှန်ရေးဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ဒဏ်ရာကြောင့် အတိတ်မေ့မှတ်ဉာဏ်ပျောက်ဆုံးနေတဲ့ Liang Shuo ဟာသူဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ပြန်လည်ရှာဖွေဖို့အတွက် ရှန့်ဟိုင်ကို လာခဲ့ပေမယ့်ဂျပန်တပ်မတော်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး သူ့ကိုသူ တပ်မတော်အဖွဲ့ဝင်တစ်ယောက်လို့မှတ်ထင်သွားပါတော့တယ်။ အဲ့အချိန်မှာပဲ ဝမ်ရုပ်သေးအစိုးရ အမှတ် ၇၆ ဘက်ကလည်းLiang Shuo ကိုတွေ့ရှိသွားပြီး သူဟာ စစ်ဆင်းရေးရဲ့ ဦးဆောင်သူတစ်ယောက်ဖြစ်ကြောင်းအသိပေးလာပါတော့တယ်။ ဒီအချိန်မှာ ဂျပန်အစိုးရနဲ့ ဝမ်အစိုးရတို့ ကျင်းပတဲ့ငြိမ်းချမ်းရေးညီလာခံဟာလည်း ကျင်းပမှာဖြစ်ပြီး ညီလာခံအပြီးမှာဂျပန်တွေဖမ်းဆီးအကျဉ်းချထားခံရတဲ့ လုပ်သားတွေကို စစ်မြေပြင်ဆီပို့ဆောင်ကြမှာပါ။ဒီလို အရေးကြီးအခိုက်အတံ့မှာ အဓိကလူတစ်ဦးဟာလည်း ရုတ်တရက်ပျောက်ဆုံးလို့နေခဲ့ပါတယ်။Liang Shuo က တကယ်ပဲ ဘယ်သူလဲ?ဂျပန်တပ်မတော်ကလူပဲလား?ဝမ်အစိုးရဘက်ကလူပဲလား? မှတ်ဉာဏ်တွေပြန်လည်ရလာတဲ့အချိန်မှာ Liang Shuo ဟာဘယ်လို‌ရွေးချယ်မှုတွေလုပ်သွားမလဲ ဆိုတာကို အတူတူ ကြည့်ရှုခံစားလိုက်ကြရအောင်ပါ ..