Hai Junoon FHD

Hai Junoon

Drama FHD 2025-05-16 8.3

အန်ဒါဆန်ဆိုတဲ့ ကောလိပ်ဟာဆိုရင် နာမည်ကြီးကောလိပ်တစ်ခုဖြစ်ပြီးလူငယ်တိုင်းက ဒီကောလိပ်မှာ ဝင်ခွင့်ရချင်ကြပါတယ်။ဒီကောလိပ်ဟာဆိုရင် သက်တမ်း ၂၅ရှိပြီဖြစ်တဲ့ အဆိုတော်အဖွဲ့ စူပါဆိုးနစ်ရဲ့ ကောလိပ်လို့လည်း လူသိများကြပါတယ်။တစ်နေ့မှာတော့ ဆေဗီဆိုတဲ့ ‌အကပညာကို ဝါသနာပါတဲ့ ကျောင်းသား တစ်ယောက်ဟာအကပညာရှင်တွေပါတဲ့ အဖွဲ့တစ်ခု ဖွဲ့မယ်၊ ဒီကောလိပ်ကိုအဲဒီအကအဖွဲ့ရဲ့ နာမည်နဲ့လည်း ‌တွဲခေါ်ကြရမယ်ဆိုပြီး သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားပါတော့တယ်။သူ့ရဲ့ အိပ်မက်ကတော့ အကအဖွဲ့ဖွဲ့နိုင်ခဲ့တဲ့တစ်နေ့ စူပါဆိုးနစ်ရဲ့ အဆိုအဖွဲ့ကို ဂိုးလ်ရွှေတံဆိပ်ဆု ပြိုင်ပွဲမှာ အလဲထိုးချင်တာပါ။ကဲ သူ့ရဲ့ အိပ်မက်ကြီး အမှန်တကယ် ဖြစ်လာမှာလား…ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရမလဲ…တကယ်ပဲ စူပါဆိုးနစ်ကို အလဲထိုးနိုင်မှာလား…ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲ အားပေးကြပါဦးလို့…