၂၀၁၇ က အရမ်းကို နာမည်ကြီးခဲ့တဲ့ ကိုရီးယားရုပ်ရှင် My Sassy Girl ကားကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်ဒီဇာတ်လမ်လေးကတော့ ကျို လို့ခေါ်တဲ့ ကောင်လေးနဲ့ အဓိက ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်…..ကျိုဆိုတဲ့ကောင်လေးဟာ စိတ်ထားဖြူစင်ပြီး ဘဝကို ပျော်ပျော်ပါးပါးလေးပဲဖြတ်သန်းနေတဲ့ ခပ်ရိုးရိုးကောင်လေးပေါ့…. နောက်ပြီး သူကစစ်မှုထမ်းပြီးပြန်လာရင် ဥပဒေဘွဲ့ရဖို့ကျောင်းထပ်တက်မယ်လို့ရည်ရွယ်ထားခဲ့ပါတယ်..ကျိုတစ်ယောက် အရက်မူးနေချိန်ဆို အရမ်းချစ်ဖို့ကောင်းတဲ့ကောင်မလေးတစ်ယောက်ကို တွေ့ပြီး ရင်ထဲရောက်ခဲ့တဲ့ည …အဲဒီနေ့ကစပြီး ကောင်မလေးပရိုင်ဖာဟာ ကောင်လေးကျိုရဲ့ဘဝထဲက အရှုပ်ထုပ်လေး ဖြစ်လို့လာပါတော့တယ်အဆင့်တန်းမတူတဲ့သူတို့နှစ်ဦး life style Standardတွေကွာခြားတဲ့ မိသားစုနှစ်ခုဖြစ်တာမို့ ရင်ခုန်စရာဇာတ်လမ်းနဲ့ သူတို့နှစ်ယောက်ရဲ့ပရမ်းပတာတွေ့ဆုံမှုကနေ သူတို့အချစ်ဇာတ်လမ်းလေးဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို “မောင့်အရှုပ်ထုပ်မလေး”ဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော်………..