ဂျိုဟာနန်စ်ဘာ့ဂ်က အစိုးရအောက်က လက်တစ်လုံးခြား ကွက်ကျော်ရိုက်ဒုစရိုက်လုပ်ငန်းတွေလုပ်နေတဲ့ မာစီရဲညီအစ်ကိုတွေရှိပါတယ်။ သူတို့ရဲ့ အရင်ကဦးဆောင်သူမိုမာစီရဲဟာအကျဥ်းထဲကထွက်ပြီးနောက် ထပ်မံအန္တရာယ်ထဲရောက်လာပါတယ်။သူတို့မိသားစုမှာရှိတဲ့ သဘာဝလွန်စွမ်းအားတစ်ခုကသူတို့ရဲ့ဘဝတွေကို တစ်ဆစ်ချိုးပြောင်းလဲပေးခဲ့ပါတယ်။ထောင်ကထွက်လာတဲ့ မိုမာစီရဲဟာ ၁၀နှစ်ကြာပြီးတဲ့နောက်မှာ ဒုစရိုက်အလုပ်တွေကို မလုပ်လိုတော့တဲ့အခါသူတို့ညီအစ်ကိုတွေကြားမှာ ပြောစရာဒွိဟ အငြင်းပွားဖွယ်ရာတွေဖြစ်လာခဲ့ပါတယ်။ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ပြည့်နှက်နေပြီး ထင်မထားလောက်တဲ့ နေရာမှာ မထင်ရလောက်တဲ့ Plot Twist ကိုချပြနိုင်တာ အတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။သမာရိုးကျ အနောက်တိုင်းအမှုအခင်းစုံစမ်းရေးကားတွေကို ပျင်းနေတဲ့လူတွေအတွက်တောင်အာဖရိကကလည်း မခေဘူးဆိုတာကို ချပြချင်တဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။အပြည့်အစုံကိုတော့ ကိုယ်တိုင်ပဲခံစားကြည့်ရှု သုံးသပ်နိုင်ပါတယ်ခင်ဗျာ။