The First Night with the Duke 남주의 첫날밤을 가져버렸다 FHD

The First Night with the Duke 남주의 첫날밤을 가져버렸다

Sci-Fi & Fantasy FHD 2025-06-11 8.3

သာမန် တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ဖြစ်တဖြစ်တဲ့ K ( Seohyun ) ဟာ တစ်ရက်မှာတော့သူအကြိုက်ဆုံး ဝတ္ထုထဲက အရံဇာတ်ကောင် Cha Seon Chaek နေရာကို ရုတ်တရက်ကြီး ရောက်ရှိသွားခဲ့ပါတယ်။ဒီလိုနဲ့ Cha Seon Chaek နေရာမှာ ရောက်နေတဲ့ K ဟာ အဲဒီဝတ္ထုရဲ့ အမျိုးသားဇာတ်ဆောင်ဖြစ်တဲ့Lee Beon ( Tacyeon ) နဲ့ တစ်ညတာ ဖြတ်သန်းဖို့ ဖြစ်လာပေမဲ့လည်း Cha Seon Chaek ဇာတ်ကောင်ရဲ့တာဝန်က Lee Beon ကို အမျိုးသမီးဇာတ်ဆောင် Cho Eun Ae နဲ့ အောင်သွယ်ပေးဖို့ ဖြစ်တဲ့အတွက်Cha Seon Chaek က ကြိုးစားပမ်းစားအောင်သွယ်ခဲ့ပါတယ်။ဒါပေမဲ့ တစ်ညတာ အတူဖြတ်သန်းပြီးတဲ့နောက်မှာ ရင်နာစရာအတိတ်အကြောင်းကို နှစ်သိမ့်ပေးခဲ့တဲ့Cha Seon Chaek ကို ယိမ်းယိုင်သွားတဲ့ Lee Beon ကတော့ Cha Seon Chaek မှCha Seon Chaek ဖြစ်လာတဲ့အခါမှာတော့…အရံဇာတ်ကောင်လေး Cha Seon Chaek ရဲ့ ကံကြမ္မာက K ရောက်လာပြီးမှ ဘယ်လိုတွေပြောင်းလဲသွားမလဲ..အဓိက ဇာတ်ဆောင် Lee Beon ရဲ့ နှလုံးသားကရော အရံဇာတ်ကောင်လေးဆီကိုပဲ အပြီးပိုင် ရောက်သွားမလားဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာပဲ အပတ်စဉ် Wednesday, Thursday တိုင်း စောင့်ကြည့်ကြရအောင်နော် ။