နာမည်ကြီး ကစားသမားဟန်ဂျီဝန်း(Yeom Min Hyeok)ဟာ အိုလံပစ်ကစားသမားဘဝကနေအနားယူလိုက်ပြီး အခက်အခဲများ အကုန်ပြီးဆုံးသွားပြီလို့ ထင်နေခဲ့ပါတယ် ။သို့ပေမဲ့ တက္ကသိုလ်ရောက်တဲ့အခါမှ နဖူးတွေ့ ဒူးတွေ့ တွေ့လိုက်ရတဲ့ တက္ကသိုလ်ကျောင်းသားဘဝဟာအိုလံပစ်မှာဆုတံဆိပ်ရဖို့ထပ်တောင် ပိုခက်ခဲနေပါတော့တယ်။ဒီလိုနဲ့ပဲ အခက်အခဲကြုံတွေ့နေတဲ့ ဂျီဝန်းရဲ့ ဘဝထဲကို တက္ကသိုလ်မှ နာမည်ကြီးဘတ်စကတ်ဘောကစားသမားလေးတစ်ဦးဖြစ်တဲ့ ဂွမ်ဂျောင်အူ(Choi Jae Hyeok)ဆိုသူက ပြဿနာတစ်ပွေ့တစ်ပိုက်ဖြင့်လှလှလေးပြုံးပြီး ဝင်ရောက်လာတဲ့အခါမှာတော့ .. ။စရိုက်ချင်း မတူကြတဲ့ သူတို့နှစ်ယောက် ဘယ်လိုသံယောဇဉ်တွယ်ပြီး ဘယ်လိုချစ်မိသွားကြမယ်ဆိုတာကိုကိုရီးယား BL တို့ ထုံးစံအတိုင်း မထိ တထိ ရိုရိုချိုချို အူယားအသည်းယားစွာ ကြည့်ရူခံစားရမှာဖြစ်ပါတယ် .. ။