Norma နဲ့ Norman ဟာ အရမ်းချစ်ကြတဲ့ သားအမိနှစ်ယောက်ဖြစ်ပါတယ်။ဒါမှမဟုတ် အမေကပဲ အရမ်းဖြစ်နေတာပေါ့လေ။ ဘာလို့ အမေကအဲလိုဖြစ်နေရလည်းဆိုပြီးကျွန်တော်ပြောရလဲဆိုတော့ သာမန် အိမ်ထောင်စုတစ်ခုမှာ အဖေ့မျိုးရိုးကိုပဲ ယူကြတာများပါတယ်။ဒါပေမဲ့ ကြည့်လိုက်ရင် Norman ဟာ သူ့အမေနာမည် Norma ကိုယူပြီးပေးထားတာဖြစ်ပါတယ်။အဲဒါကြောင့် Norman ဟာ အမေချစ်သား ဒါမှမဟုတ် အမေက အရမ်းထိန်းချုပ်ထားတဲ့သားတစ်ယောက်ဖြစ်ပါတယ်။Norman တို့ သားအမိနှစ်ယောက်ဟာ Norma ရဲ့ခင်ပွန်းသည်ရုတ်တရတ်ကွယ်လွန်ခဲ့တာကြောင့်မြို့ပြောင်းပြီး မိုတယ်တစ်ခုဖွင့်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဘဝကို အစကနေပြန်စရတာမလွယ်ပေမဲ့ခဏခဏအိမ်ပြောင်းနေရတဲ့ Norman အဖို့ သိပ်တော့မထူးဆန်းတော့ပါဘူး။သူတို့ဟာ ဝယ်ထားတဲ့ မိုတယ်ကို Bates Motel ဆိုပြီးနာမည်ပေးခဲ့ပါတယ်။ဒါပေမဲ့ မြို့အသစ်၊ လူအသစ်၊ မိုတယ်အသစ်တစ်ခုဖွင့်ဖို့ဆိုတာကထင်ထားသလောက်လွယ်ကူနေတာမျိုးတော့မဟုတ်ခဲ့ပါဘူး။Norman တို့သားအမိ ဘယ်လိုမျိုး ဆက်ပြီးဖြတ်သန်းမှာလဲ။ ဒါကတော့ဆက်ပြီးခံစားကြည့်လိုက်ကြပါ။Norman Bates အဖြစ် The Good Doctor/The Spiderwick Chronicles/August Rush တို့လိုနာမည်ကြီးရုပ်ရှင်/ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ မင်းသား Freddie HighmoreFreddie Highmore ကို Norman အဖြစ် ရွေးလိုက်တာ တကယ်ကို မှန်တယ်လို့ပြောရပါမယ်။ဘာလို့လဲဆိုတော့ ဘာမှကိုထွေထွေထူးထူး သရုပ်ဆောင်ပြစရာမလိုပါဘူး။ သူကိုယ်တိုင်ကကို စိတ္တဇပုံပေါက်နေတာပါ။Norma Bates အဖြစ် The Conjuring/Orphan/The Nun စတဲ့နာမည်ကြီး Horror ကားတွေရဲ့ပင်တိုင်စံမင်းသမီး Vera Farmiga ကသရုပ်ဆောင်ထားပါတယ်။ဆုပေါင်း ၂၈ ဆုထိရခဲ့ပြီး Critics တွေအကြားမှာ Positive ဖြစ်ခဲ့တဲ့ဇာတ်လမ်းတွဲမလို့ ကြည့်ကိုကြည့်သင့်တယ်လို့အကြံပေးပါရစေ။