Adults FHD

Adults

Comedy FHD 2025-05-28 5.8

အမှန်အကန်ရယ်ရတဲ့ လူငယ်ဟာသစီးရီးလေးဖြစ်ပါတယ်။ လူငယ်ဆိုလို့ ဆယ်ကျော်သက်မဟုတ်တဲ့ ၂၀ ကျော်သက် ဂျန်ဇီးတွေအကြောင်း ရိုက်ကူးထားတာပါ။ဇာတ်လမ်းကတော့ ဆမ်မီ, အစ်ဆာ, အန်တွန်နဲ့ ဘီလီတို့ သူငယ်ချင်းလေးယောက်သား ဆမ်မီရဲ့မိဘအိမ်မှာ အတူနေရင်းကြုံတွေ့ရမယ့် ခေတ်သစ်ပြဿနာတွေအကြောင်းပါပဲ။ဥပမာ သူတို့အမြင်ကပ်ကြတဲ့ အသိကောင်လေးတစ်ယောက် အလုပ်ရှင်က ဗလက္ကာရနှိုက်တာခံလိုက်ရတော့ အဲဒီကောင်လေးက အများသိအောင် ထုတ်ဖော်ပြောကြားလို့ နစ်နာကြေးတွေအမြောက်အများရ၊လူထုသူရဲကောင်းတစ်ယောက်လို ဝိုင်းထောက်ခံအားပေးခံရလို့ ရန်ပုံငွေတွေရ၊ မတော်တဆနာမည်ကြီးတာကို သူတို့လေးယောက်သား မနာလိုအားကျကာ မဟာအကြံကြီးကြံတာကြောင့်အဆင့်ဆင့်ပြဿနာတက်ရင်းနောက်ထပ်ဘယ်လိုအလွဲတွေ ထပ်ဆင့်ထပ်ဆင့်ဖြစ်ကြမလဲ လူကြီးဟာသတွေ ပေါများတဲ့ ရှိုးတစ်ခုလို့ပဲ ညွှန်းလိုက်ပါတယ်။