Gram Chikitsalay  ग्राम चिकित्सालय FHD

Gram Chikitsalay ग्राम चिकित्सालय

Comedy Drama FHD 2025-05-09 6

Panchayat လိုမျိုး မြို့သားတောရောက် ကျေးလက်ဇာတ်လမ်းကြိုက်နှစ်သက်သူတွေအတွက်Panchayat ဆန်ဆန် ကျေးလက်ဟာသဒရာမာဇာတ်လမ်းတွဲအသစ်လေး ထွက်ရှိလို့လာပြီ။ဘတ်ကန်ဒီဆိုတဲ့ နယ်စွန်နယ်ဖျားက ရွာလေးမှာ ကျေးလက်ဆေးရုံရှိပေမဲ့ ဆေးရုံက ဖုန်တက်နေပြီးရွာသူရွာသားတွေရော ရွာနီးချုပ်စပ်ကလူတွေရောက တတ်ယောင်ကမ်းဒေါက်တာရမ်းကုတွေကိုပဲ ကျန်းမာရေးအတွက် အားကိုးနေရပါတယ်။အဲဒီရွာကို MO လို့ခေါ်တဲ့ ဆေးမှူးတာဝန်နဲ့ရောက်လာတဲ့ ဆရာဝန်တွေရှိပေမဲ့အားလုံးက တစ်ရက်တောင်မခံဘဲ ပြန်ပြေးကြတာချည်းပါပဲ။ဒါပေမဲ့ တစ်နေ့တော့ အဲဒီရွာလေးကို ပရာဘတ်ဆိုတဲ့ မိုးကျရွှေကိုယ်သူဌေးသား ဆရာဝန်အသစ်တစ်ယောက် ရောက်လာခဲ့ပါတယ်။အဲဒီ MO အသစ်ကတော့ သူ့ရှေ့ကလူတွေနဲ့မတူဘဲ အခက်အခဲတွေကြားကနေဆေးရုံကို ပြန်ဖွင့်ဖို့လုပ်ပြီး ရွာသူရွာသားတွေရဲ့ယုံကြည်မှုရအောင်ကြိုးစားပုံတွေ၊ ရွာကလူတွေနဲ့ သဘာဝကျကျ ကြုံရဆုံရပုံတွေကို ဒီဇာတ်လမ်းတွဲထဲမှာ မြင်ကြရမှာပါ။အပိုင်းတိုင်းက ရယ်ရပြီး တောရှုခင်း လှလှလေးတွေနဲ့ စိတ်ကိုပေါ့ပါးသွားစေမယ့်ဇာတ်လမ်းတွဲလေးဖြစ်တာကြောင့် ပရိသတ်တွေအတွက် ညွှန်းဆို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

အပိုင်းများ

Season - 1