Sword snow stride ကဲ ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့သိုင်းကားပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့် Sword Snow Stride ဆိုတဲ့နန်းတွင်းသိုင်းကားလေးပဲ ဖြစ်ပါတယ် ဒီကားရဲ့ အဓိကဇာတ်ဆောင်တွေကတော⚔️Xu Fengnian အဖြစ် နာမည်ကြီးမင်းသား Zhang Ruoyun (Joy of life, Novoland: the castle in the sky)Xu Xiao အဖြစ် မင်းသားကြီး Hu Jun (Demi gods and Semi Devils ကားထဲက မင်းသားချောင်ဖုန်း)Jiang Ni အဖြစ် မင်းသမီးလေး Li Gengxi ????️Nangong Phushe အဖြစ် မင်းသမီးချော Zhang TianaiChen Zhipao အဖြစ် နာမည်ကြီးမင်းသား Gao Weiguang(Three lives Three world :Pillow Book)တို့က ပါဝင်သရုပ်ထားတာဖြစ်ပါတယ် ဇာတ်လမ်းလေးဟာဆိုရင် ပေလျန် ရဲ့ မင်းသားတစ်ပါးဖြစ်တဲXu Fengnian ဟာ ဖခင်ဖြစ်သူ Xu Xiao ရဲ့ မျှော်လင့်ချက်ဆန္ဒတွေကို ပုခုံးမှာထမ်းကာသိုင်းလောကကို လှည့်လည်ရင်း သိုင်းပညာကို သိုင်းလောကအကျော်အမော်တွေဆီကနအပတ်တကုပ် ဆည်းပူးသင်ယူဖို့ ခရီးစဉ်ကိုစတင်ခဲ့ပါတယ် သူ့သိုင်းလောက ခရီးစဉ်ဟာအင်မတန်မှ အတိုက်အခိုက် အတားအဆီးတွေနဲ့ ပြည့်နှက်နေခဲ့ပြီး အသက်အန္တရာယ်နဲ့မကြာခဏရင်ဆိုင်ခဲ့ရပါတယ် ဒါပေမယ့်လည်း Xu Fengnian ဟာ အခက်အခဲတွေကြားကနေထိပ်တန်းသိုင်းသမားတစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့ပါတယ် သိုင်းလောကထဲ ကျင်လည်ရင်းမိခင်အတွက် ကလဲ့စားချေဖို့ ကြိုးပမ်းခဲ့ပြီး သိုင်းလောကသားတွေကိုလည်း စုဆောင်းခဲ့ပါသေးတယ်တစ်ချိန်ထဲမှာပဲ ပေမန်ရဲ့ကျူးကျော်စွက်ဖက်မှုတွေက အလယ်ပိုင်းမြေပြန့်ဒေသ ကိုစစ်ရိပ်သန်းလာစေတာကြောင့် သိုင်းလောကထဲကျင်လည်ခဲ့တဲ့ Xu Fengnian ဟာသံမဏိစစ်သည်တော်တွေကို ဦးဆောင်ပြီး စစ်ထွက်တိုက်ခဲ့ပါတော့တယ် အဆုံးသတ်မှာ Xu Fengnian ဟာ နန်းတွင်းမှာ ပဲ ဆက်လက်နေထိုင်သွားမှာလား ဒါမှမဟုတ်သိုင်းလောကမှာပဲ ပြန်ပြီး ကျင်လည်သွားမှာလား သူရဲကောင်းဖြစ်လာပြီဆိုမှတော့ဘေးနားမှာ အဖော်ပြုပေးမယ့် မိန်းမလှလေးကရော ဘယ်သူဖြစ်မှာလဲ ပြီးတော့လည်းအမိုက်စားသိုင်းကွက်တွေကို ရှုစားခွင့်ရမှာဖြစ်တာကြောင့် သိုင်းကားပရိတ်သတ်တွေ အဖို့အကြိုက်တွေ့စေမှာဖြစ်လို့Sword Snow Stride ဆိုတဲ့ သိုင်း series လေးကိုကြည့်ရှုအားပေးကြပါဦးနော်