Sapne Vs Everyone FHD

Sapne Vs Everyone

Drama FHD 2023-12-08 7.8

Reviewကိုကြည့်မလား Ratingကိုကြည့်မလား အဘက်ဘက်ကအလွင့်တွေချည်း ပိုင်ဆိုင်ထားတဲ့ Best Branded series ဆုရ Bollywood seriesလေးကို တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းလေးမှာ အပိုင်း ၅ ပိုင်း ပါဝင်ပြီးတော့ တစ်ပိုင်းဆိုတစ်ပိုင်းဆိုသလောက်ဇာတ်ရှိန်တက်စေမယ့် စီးရီးလေးဖြစ်တာမလို့ Business Drama တွေကြိုက်တဲ့သူတိုင်း အကြိုက်တွေ့စေမှာပါ။ဒီတော့ ဇာတ်လမ်းအကျဉ်းလေးကို ဆက်လိုက်ကြရအောင်ပါ။အိပ်မက်ဆိုတာ ဘယ်ကနေဖြစ်လာသလဲလို့မေးရင် ကျွန်တော်တို့အားလုံးမှာ အဖြေမရှိတတ်ကြပါဘူး။ဒါပေမဲ့ ကျွန်တော်တို့အားလုံးက ကျွန်တော်တို့စိတ်ကူးယဉ်အိပ်မက်တွေရဲ့ ကျေးကျွန်တွေပါပဲ။ဒီထဲမှာ ပရာရှန့်နဲ့ ဂျင်မီတို့လည်းအပါအဝင်ပေါ့ပရာရှန့်ကတော့ အောင်မြင်တဲ့ပြဇာတ်သရုပ်ဆောင်ဖြစ်ချင်ပေမဲ့ငွေလိုနေလို့ အိမ်ခြံမြေပွဲစားအလုပ်ကိုလုပ်ရင်း အိပ်မက်နဲ့လက်တွေ့ကြားမှာ ဗျာများနေတဲ့သူ။ဂျင်မီကတော့ အိမ်ခြံ‌မြေပွဲစားလောကရဲ့ အရောင်းဘုရင်လို့ပြောရအောင် နည်းပရိယာယ်ကြွယ်၊လိမ္မာပါးနပ်ပေမဲ့ သူ့မှာ အရင်းအနှီးမရှိနေတဲ့သူပေါ့။ ဆင်းရဲတွင်းထဲကနေ ရုန်းကန်လာခဲ့ရတဲ့ဘဝသမားပီပီဂျင်မီကတော့ အောင်မြင်ချမ်းသာတဲ့ အိမ်ခြံမြေလုပ်ငန်းရှင်ဖြစ်ချင်တာပေါ့။ဒီအိပ်မက်သမား ဂျင်မီနဲ့ပရာရှန့်တို့နှစ်ယောက် အိမ်ခြံမြေလုပ်ငန်းဆိုတဲ့ ဘဝဇာတ်ခုံပေါ်မှာ ဆုံဆည်းကြရင်းသူတို့ရဲ့အိပ်မက်ကိုယ်စီကို အခက်အခဲတွေကြားက အကောင်အထည်ဖော်ကြပုံကိုplot twistတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ရှုစားရမှာဖြစ်လို့ အခုပဲ ကြည့်ရှုခံစားလိုက်ရအောင်ပါ။