My Ambulance ဇာတ်ကားထဲမှာ အရံနေရာကနေ သရုပ်ဆောင်ကတည်းက ကြိုက်ခဲ့ရပြီးFourever You ဇာတ်လမ်းထဲမှာလည်း ဆရာဝန်လေးနေရာနဲ့အားလုံးရဲ့ အသည်းနှလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ မင်းသားလေး Pond Ponlawit Ketprapakorn နဲ့ညှို့အားကောင်းတဲ့ မျက်ဝန်းပိုင်ရှင် Peterpan Tadsapon Wiwitawan တို့ရဲ့ BL စီးရီးလေး ထွက်ရှိလို့လာပါပြီ။အာမင်လို့ခေါ်တဲ့ သရုပ်ဆောင်မင်းသားဟာ အနုပညာအလုပ်ကို အရမ်းဝါသနာပါတဲ့အတွက်အရံပဲလုပ်ရလုပ်ရ သရုပ်ဆောင်ချင်တဲ့ဆိုတဲ့ စိတ်လေးတစ်ခုနဲ့ ကြိုးစားလာခဲ့တာနောက်ဆုံးမှာ အောင်မြင်တယ်ဆိုတဲ့ အနေအထားတစ်ခုကိုရောက်လို့လာခဲ့ပါတော့တယ်။သူလိုချင်တဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်တော့မယ်ဆိုတဲ့အချိန်မှာမှ အာမင်တစ်ယောက် ကွယ်လွန်အနိစ္စရောက်ခဲ့ရပါတယ်။ဒါပေမဲ့လည်း ဒီဇာတ်လမ်း ဒီမှာတင် အဆုံးမသတ်သေးဘဲ အာမင်တစ်ယောက်မအောင်မြင်ခင်အချိန်က အတိတ်ဘဝကို ပြန်လည်ရောက်ရှိကာတီဒီလို့ခေါ်တဲ့ သူ့ပရိသတ်တစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတော့တယ်။ဒီလိုနဲ့ အာမင်တစ်ယောက် သူ့ပရိသတ်ဖြစ်တဲ့ တီဒီ့အကူအညီနဲ့အတူအရင်ကထက် ပိုပြီးကောင်းတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ ဘယ်လိုပုံစံမျိုးနဲ့ ကြိုးစားသွားမလဲ …….အရင်က လုပ်ခဲ့မိတဲ့ အမှားတွေကို ပြုပြင်ရင်း ဘယ်လိုပုံစံနဲ့ လမ်းမှန်ပေါ်ရောက်အောင်လုပ်မလဲ …..သူသေဆုံးခဲ့ရတဲ့ အကြောင်းအရင်းကိုရော ရှာလို့တွေ့ရှိသွားမှာလား …… ဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမဲ့ ရိုမန့်ဒရာမာBL စီးရီးကောင်းလေးဖြစ်ပါတယ်။