စနစ်ကို ပြောင်းလဲမလား စနစ်က ပြောင်းလဲမလားS1 မှာတော့ ကိုယ်စီရည်မှန်းချက်တွေနဲ့ကြိုးစားခဲ့ကြပြီးs2 မှာတော့ အိန္ဒိယရဲ့ ကျန်းမာရေးစနစ်ထဲက နက်နဲတဲ့ အမှန်တရားတွေကို ဖော်ထုတ်ပြသထားပါတယ်ဒီအပိုင်းမှာ ရဲရင့်ပြီး စိတ်ဓာတ်ပြင်းပြတဲ့ ဆရာဝန်မလေး ရှရီယာပါထာရေရဲ့ ဇာတ်လမ်းကို အဓိကထားပြီး ပုံဖော်ထားပါတယ်ဒီဇာတ်လမ်းက ၂၀၁၇ ခုနှစ်က Gorakhpur ဆေးရုံမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်တွေကိုအခြေခံထားတာကြောင့် ပိုပြီးကြည့်ရတာ အသက်ဝင်နေမှာပါ။။ရှရီယာက အစိုးရဆေးရုံတစ်ခုမှာ နောက်ဆုံးနှစ် သင်တန်းဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေရင်းဆီတာလာပူရ်ဆိုတဲ့ရွာမှာ မျက်စိတိမ်ခွဲစိတ်ကုသရေးစခန်းတစ်ခုကို ဦးဆောင်လုပ်ကိုင်ဖို့ စေလွှတ်ခံရပါတယ်တောဖြစ်နေလို့မီးမလာ ရေမရှိ သန့်စင်ခန်းမကောင်းတဲ့နေရာဆိုတော့ သွားဖို့အချင်းချင်းလက်တို့နေကြပေမဲ့စေလွှတ်ခံရသူကတော့ ရှရီယာပါ ပြောရရင် ဒီတောကိုအလွှတ်ခံရတာကလည်း မဟုတ်မမှန် ခြမစားမှန်မှန်ကန်ကန်နေသူမို့ အထက်လူကြီးကို ပုန်ကန်မိလို့ အမြင်ကပ်တဲ့ပုဒ်မနဲ့ စေလွှတ်ခံရတာပါ အထက်အမိန့်ဆိုတော့မသွားချင်သွားချင်နဲ့ ရောက်သွားရှာတဲ့ ရှရီယာမျက်ဝါးထင်ထင် မြင်လိုက်ရတာကတော့ စနစ်တစ်ခုလုံးရဲ့ယိုယွင်းပျက်စီးနေမှုတွေပါပဲ ဆေးဝါးပစ္စည်း ပြတ်လပ်မှုတွေ၊ ဒေသခံတွေရဲ့ အစိုးရဆေးရုံအပေါ် ယုံကြည်မှုနည်းပါးမှုတွေ၊ နိုင်ငံရေးသမားတွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေနဲ့ အဂတိလိုက်စားမှုတွေဟာ သူ့အတွက်တော့ကြီးမားတဲ့ စိန်ခေါ်မှုတွေဖြစ်လာခဲ့ပါတယ် အပြင်လောကကျန်းမာရေးစနစ်ရဲ့ အားနည်းချက်တွေကို မီးမောင်းထိုးပြထားရုံသာမက၊တရားမျှတမှုအတွက် ရုန်းကန်နေရတဲ့ လူတစ်ဦးရဲ့ စိတ်ဓာတ်ခွန်အားကိုလည်း ဖော်ပြထားပါတယ်“သူက စနစ်ကို ပြောင်းလဲနိုင်မလား ဒါမှမဟုတ် စနစ်ကပဲ သူမကို ပြောင်းလဲပစ်မလား” ဆိုတဲ့ မေးခွန်းကတော့ဇာတ်လမ်းတစ်ခုလုံးရဲ့ အသက်ဝိညာဉ်ပါပဲ .. အလုပ်သင်ဘဝရှရီယာရဲ့ ကြိုးစားရုန်းကန်မှုတွေကို လိုက်ပါကြည့်ရှုလိုက်ပါဦး