ဇာတ်လမ်းအကျဉ်းက ဟက်ကာတစ်ယောက်ဖြစ်သူ တိုဘိုင်ရက်စ်နဲ့ သူငယ်ချင်းဖြစ်သူမာကိုတို့ က သူတို့လုပ်နေတဲ့ အိုင်းစပိုင်ဆိုတဲ့ဆော့ဖ်ဝဲအတွက် ငွေလိုနေကြတဲ့သူပါ။ အဲဒီမှာ အိုင်းရစ်မာဖီးယားအဖွဲ့ကလည်း ပစ္စည်းတင်ပို့မှုမှာ သုံးခေါက်ကရဲဖမ်းခံရလို့ ဆိပ်ကမ်းရဲ့လုံခြုံရေးကိုစစ်ဖို့ မာကိုကိုလာကမ်းလှမ်းပါတယ်။ ဒီလိုနဲ့ တိုဘိီနဲ့မာကိုတို့ အိုင်းရစ်မာဖီးယားဂိုဏ်းနဲ့ မတော်တဆတွေ့ဆုံမိပြီး ဥရောပဆေးကုန်ကူးမှုထဲ ပါ၀င်ပတ်သက်မိတဲ့အကြောင်းပါ။