ကားလ်က အမှူတစ်ခုဖြစ်ရာကနေ သူငယ်ချင်းတစ်ယောက် ထိခိုက်ဒဏ်ရာရပြီးတွဲဖက်ဖြစ်သူကလည်း အကြောသေသွားတဲ့အတွက် အလုပ်ကနေခဏနားထားတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ သူအလုပ်ပြန်ဝင်တော့ အထက်အရာရှိက သူ့ကိုလူလည်ကျပြီးတော့ မဖြေရှင်းနိုင်တဲ့အမှုတွေကို စုပြုံပြီးကိုင်ရမယ့် မြေအောက်ခန်းထဲကလူငါးယောက်တောင် မရှိတဲ့ Dept Q ဆိုတဲ့အဖွဲ့ကို ပို့လိုက်ပါတယ်။ ဒီအဖွဲ့ကအမှုတွေကလည်း သဲလွန်စတွေ မရှိတော့လို့လိုက်မရတော့တဲ့ မျှော်လင့်ချက်မရှိတဲ့ အမှုတွေပါ။ဒီအမှုတွေကို ကားလ်ဘယ်လိုကိုင်တွယ်မလဲ လမ်းဆုံးရောက်နေတဲ့အမှုတွေကရောဘယ်လိုဖြစ်နေလဲဆိုတောကို ဒီ ဇာတ်လမ်းတွဲလေးထဲမှာ ဆက်လက်စောင့်ကြည့်လိုက်ပါခင်ဗျာ။