Oh My Ghost Clients 노무사 노무진 FHD

Oh My Ghost Clients 노무사 노무진

သူမတူ တမူထူးခြားတဲ့ဇာတ်လမ်းတွေကိုမှ နှစ်သက်ကြတဲ့ ပရိသတ်ကြီးတို့အတွက်သရဲတစ္ဆေတွေရဲ့ အမှူတွေ လိုက်ဖြေရှင်းမဲ့ ‌ရှေ့နေကားသစ်လေး လာပါပြီ ..Cast ‌ေတွအနေနဲ့က Hospital Playlist က ဇာတ်လိုက်ကျော် မင်းသားJung Kyoung Ho , Twinkling Watermelon ကားထဲက မင်းသမီး Seol In ACastaway Diva ကားထဲက မင်းသား Cha Hak Yeon တို့အပြင် နာမည်ကြီးသရုပ်ဆောင်တွေပါ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားပါတယ် ..ဇာတ်လမ်းကတော့ နိုမူဂျင်းဟာ အလုပ်သမားအခွင့်အရေးဆိုင်ရာ အမှုတွေကို ကိုင်တွယ်ဖြေရှင်းပေးတဲ့ ရှေ့နေ့တစ်ယောက်ပါ။ရှေ့နေဆိုပေမဲ့လည်း တရားမျှတခြင်းကို လက်ကိုင်မထား လူမှုဆက်ဆံရေးဗဟုသုတကင်းမဲ့ကာဝမ်းရေးချောင်လည်ဖို့အတွက် ရှေ့နေ့အလုပ်ကို လုပ်ကိုင်နေသူပါ ..တစ်ရက်မှာတော့ မူဂျင်းဟာ YouTuber တစ်ယောက်နဲ့ အကျင့်ပျက်ခြစားမှုကို လိုက်ရင်းအသက်အန္တရာယ်နဲ့ကြုံခဲ့ရပါတယ် ..အဲဒီနောက်ပိုင်းကစပြီး မူဂျင်းဟာ ထူးဆန်းစွာနဲ့ သရဲတစ္ဆေတွေ မြင်တွေ့လာရပြီး သရဲတွေအကူအညီတောင်းတဲ့ အမှုတွေကို လိုက်လံဖြေရှင်းပေးဖို့ ဖြစ်လာပါတော့တယ် ။မူဂျင်းတစ်ယောက် ဘာလို့ သရဲတွေ မြင်တွေ့လာရတာလဲ ..ပေါ့ပေါ့တန်တန် ရှေ့နေကနေ ရှေ့နေကောင်းတစ်ယောက်အဖြစ် ပြောင်းလဲလာမှာလား ..ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဟာသအနှောလေးနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် ..