ဂင်အွီဂယောင်း(Lee Jung-Ha)ဟာ စာအတော်ဆုံး ထိပ်တန်းစံပြကျောင်းသားတစ်ယောက်ဖြစ်ပြီးဖခင်ဖြစ်သူ ဂင်ဆော့ထယ် (Kim Sang-Ho) ရဲ့ ဖိနှိပ်မှုတွေကြောင့် အကြမ်းဖက်မှုတွေကနေတမင်ဝေးဝေးရှောင်ပြီးနေနေတဲ့သူပါ။ဖခင်ဖြစ်သူ ဂင်ဆော့ထယ်ဟာ အောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး ကြင်နာတတ်တဲ့ပုံပေါက်ပေမဲ့တကယ်တော့ သားဖြစ်သူ ဆရာဝန်ဖြစ်ဖို့အရေး စည်းကမ်းတင်းကြပ်စွာနဲ့ ဆုံးမပဲ့ပြင်နေတဲ့သူဖြစ်ပါတယ်။တစ်နေ့မှာတော့ အဖြစ်အပျက်တစ်ခုကြောင့် ဂင်အွီဂယောင်းရဲ့အတိုက်အခိုက်စွမ်းရည်တွေပေါက်ကွဲထွက်လာခဲ့ပြီး အခြေအနေကို အကဲဖြတ်တာ မြန်ဆန်လွန်းတဲ့ အတိုက်အခိုက်ကျွမ်းကျင်သူဂန်ယွန်းဂီ (Kim Do-Wan) တစ်ယောက် ဂင်အွီဂယောင်းရဲ့အရည်အချင်းကို သတိထားမိသွားပါတော့တယ်။ဒီလိုနဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို ဖုံးကွယ်ပြီး လူအေးလေး ဂင်အွီဂယောင်းကို တိုက်ခိုက်ရေးလောကထဲအတင်းဆွဲသွင်းခဲ့သူ ဂန်ယွန်းဂီတစ်ယောက် နှစ်ယောက်သားပူးပေါင်းပြီး မျက်နှာဖုံးစွတ်ကာအထက်တန်းသူရဲကောင်းအဖွဲ့အနေနဲ့ ကျောင်းမှာအနိုင်ကျင့်ဗိုလ်ကျတဲ့သူတွေကို ဘယ်လိုနှိမ်နင်းသွားကြမလဲ…ဂန်ယွန်းဂီရဲ့ရည်ရွယ်ချက်အစစ်အမှန်ကရော ဘာဖြစ်မလဲဆိုတာကို ကျောင်းတွင်းအက်ရှင်ကားပီပီခပ်မိုက်မိုက် ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။