Cha Do-hyun (Ji Sung) ဟာ နာမည်ကြီးလုပ်ငန်းစုရဲ့တတိယမြောက်ဆက်ခံသူဖြစ်သော်ငြားလည်းငယ်စဉ်ဘဝက စိတ်ထိခိုက်စရာ အဖြစ်အပျက်တွေကြောင့် အတိတ်မေ့ကာအကျင့်စရိုက် ၇ မျိုးရှိတဲ့ စိတ်ရောဂါကို ခံစားနေရသူတစ်ဦးပါ။သူ့ရဲ့ရောဂါကို ကုသဖို့အတွက်ကနေ အကြောင်းတိုက်ဆိုင်စွာပဲစိတ်ရောဂါအထူးကု ပထမနှစ်ကျောင်းသူလေး Oh Ri Jin(Hwang Jung-eum) ကသူ့ရဲ့ ကိုယ်ပိုင်ဆရာဝန်ဖြစ်လာပါတော့တယ်။Oh Ri Jin ရဲ့ အမြွှာအစ်ကိုဖြစ်သူ Oh Ri Jin(Park Seo-joon)ကတော့လျှို့ဝှက်ဆန်းကြယ်ဝတ္ထုတွေကို ရေးတဲ့ နာမည်ကြီးစာရေးဆရာတစ်ဦးဖြစ်ပြီးCha Do-hyun နဲ့ သူတို့ရဲ့လုပ်ငန်းစုကို လျှို့ဝှက်စုံစမ်းနေသူတစ်ဦးပါ။ကြိုးချင်းထားကြိုးချင်းငြိဆိုသလို Cha Do-hyun ရဲ့ အကျင့်စရိုက်တွေထဲက တစ်မျိုးကိုဆရာဝန်မလေး Oh Ri Jin က ချစ်မိသွားခဲ့ပါတယ် ..Cha Do-hyun ကို အကျင့်စရိုက်မျိုးစုံရောဂါ ခံစားလာရတဲ့အထိ ဖြစ်စေခဲ့တဲ့ငယ်စဉ်ဘဝက စိတ်ဒဏ်ရာတွေက ဘာတွေများဖြစ်မလဲ….အဲဒီစိတ်ဒဏ်ရာတွေကရောဘယ်သူတွေနဲ့ ထပ်ပြီးတော့ ပါဝင်ပက်သက်နေကြဦးမလဲ…..Oh Ri On ကရော ဘာအတွက်နဲ့ အဲဒီလုပ်ငန်းစုကို စုံစမ်းနေရတာလဲ……စသည်ဖြင့် မေးခွန်းများစွာ အရှုပ်အထွေးများစွာကိုအတူတူရင်ဆိုင်ပြီး တစ်ရစ်ချင်းစီ ဖြေရှင်းသွားကြမဲ့ဆရာဝန်မလေးနဲ့ အကျင့်စရိုက် ၇ မျိုးကို ပိုင်ဆိုင်ထားတဲ့လူတို့ကြားထဲက အချစ်တွေကိုဟာသလေးနှောပြီး ရယ်လိုက် ငိုလိုက် ကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲကောင်းလေးဖြစ်တာကြောင့်ခံစားကြည့်ရှုကြည့်ကြပါဦးနော်…..