ဇာတ်လမ်းဇာတ်ကွက်ကောင်းတွေနဲ့ပရိသတ်တွေကိုအမြဲစိတ်မပြတ်ရအောင်တင်ဆက်ပေးသွားတဲ့မမZhao Li Ying တစ်ယောက်ဘယ်လိုအသစ်အဆန်းတွေချပြသွားဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ရွှီထျန်း( Yin Fang)ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ အွန်လိုင်းအငှားကားမောင်းရင်ကျာရှောင်သော်( Zhao Li Ying)ကိုကြိုက်ခဲ့ပါတယ်။တစ်နေ့မှာတော့ သူတို့နှစ်ယောက်အတူ ပုံရိပ်ယောင်ကမ္ဘာ(Virtual World) ထဲကိုဝင်ရောက်သွားပြီးတော့ စိတ်ဝိညာဉ်ခရီးတစ်ခုစတင်လိုက်ကြပါတယ်။ဒီခရီးကာလထဲမှာ အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ကြပြီးတော့လူငယ်အမျိုးမျိုးကိုတွေ့ခဲ့ကြတယ်။ သူတို့အားလုံးဟာကိုယ့်အခက်အခဲကိုယ်စီနဲ့ကိုရှိကြပေမယ့်အချင်းချင်းရဲ့ဖေးမမှုအောက်မှာ အချုပ်အနှောင်တွေကနေရုန်းထွက်လာနိုင်ကြပြီးတော့အတားအဆီးတွေကိုကျော်ဖြတ်လာကြတဲ့ စိတ်ဝိညာဉ်ကိုကုသတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။