Sirens FHD

Sirens

Comedy Drama FHD 2025-05-22 6.73

ပရိသတ်ကြီးကို စီးရီးကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီစီးရီးဟာ Netflix က ထုတ်လွှင့်လိုက်တဲ့ အပိုင်း ငါးပိုင်းပါ မီနီစီးရီး ဖြစ်ပြီးတော့ ပါဝင်တဲ့ မင်းသမီးချော သုံးယောက်ရဲ့ အံဝင်ခွင်ကျသရုပ်ဆောင်နိုင်မှုတွေကြောင့် IMDB မှာ Rating 7 အထိ ရထားတာပါ။လှပတဲ့ ကျွန်းနဲ့ ပင်လယ်ကမ်းခြေ မြင်ကွင်းတွေ… သာယာတဲ့ နွေရာသီ အနားယူအိမ်မြင်ကွင်းတွေ တစ်ဝကြီး မြင်ရမယ့် ဒီဇာတ်ကားကိုနယူးယောက်ပြည်နယ် Long Island ပေါ်က Northport မှာရိုက်ကူးထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ စိတ်ကျဝေဒနာခံစားရတဲ့အပြင် အယ်ဇိုင်းမားလက္ခဏာ ဖြစ်နေတဲ့ ဖခင်ကို စောင့်ရှောက်နေရတဲ့ ဒီဗွန်ဟာ အဝေးမှာအလုပ်လုပ်နေတဲ့ ညီမဖြစ်သူ ဆီမွန်ကို အကူအညီတောင်းဖို့ ဆက်သွယ်ပေမယ့် ဘယ်လိုမှ အဆက်အသွယ်မရပါဘူး။ဒီ‌တော့ ညီမဖြစ်သူ တင်ထားတဲ့ လူမှုကွန်ရက်က ဓာတ်ပုံတွေကို ကြည့်ပြီး ဆီမွန်အလုပ် လုပ်တဲ့ နေရာကို ရောက်အောင် သွားခဲ့ပါတယ်။ဟိုကိုရောက်တဲ့အခါမှာ ဆီမွန်က အရင်လိုမျိုး မဟုတ်ဘဲ ပုံစံတွေကအစ ပြောင်းလဲထားပြီး သူမရဲ့ အလုပ်ရှင်ဖြစ်တဲ့ ကီကီအပေါ်လုံးဝကို ကိုးကွယ်နေပြီးတော့ သူတို့နှစ်ယောက်ကြားမှာ ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးကို မြင်လိုက်ရတဲ့အခါမှာ သံသယတွေ ဖြစ်လာခဲ့ပါတယ်။အဲဒါအပြင် သူမကို ပိုက်ဆံပုံပေးပြီး ဇွတ်အတင်း အိမ်ပြန်ဖို့ ဖိအားပေးတဲ့အခါ မှာတော့ ဒီဗွန်တစ်ယောက် သူ့ညီမကို မရ ရအောင် ပြန်ခေါ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်….။

အပိုင်းများ

Season - 1