Deli Boys FHD

Deli Boys

Comedy Drama FHD 2025-03-06 6.9

မရယ်ရရင်၊ စီးထားတဲ့ ဖိနပ်နဲ့လာရိုက်လှည့်လို့ပြောလောက်အောင်ကောင်းတဲ့ဇာတ်လမ်းတွဲလေးမလို့ ကြည့်ကိုကြည့်လိုက်ပါလို့ အရင်ပြောချင်ပါတယ်။တော်တော်လေးကို ရယ်ရပြီး၊ ဇာတ်လမ်းကလည်း တကယ်ကိုကောင်းပါတယ်။Comedy Series ကောင်းကောင်းကြည့်ချင်သူများ ဒီဇာတ်လမ်းတွဲကိုသာကြည့်လိုက်ပါ။ဇာတ်ညွှန်းဘာဘာဒါးဆိုတာ ရာဇဝတ်လောကမှာ ဆရာ့ဆရာတစ်ယောက်ဖြစ်ပါတယ်ဒါပေမဲ့ ကံအကောင်းအကြောင်းမလှတော့ ခေါင်းဂေါက်သီးမှန်ကာနတ်ရွာလားခဲ့ပါတယ်။ ဒီလိုနဲ့ သူ့သားနှစ်ယောက်ဖြစ်တဲ့ ရာ့ဂျ်ဒါးနဲ့မီရာဒါးတို့ နှစ်ယောက်လုပ်ငန်းကိုဦးစီးဖို့ အကြောင်းဖန်လာပါတယ်။ ခက်တာက ရာ့ဂျ်နဲ့ မီရာဟာအလုပ်ကလွဲလို့ ကျန်တာအားလုံးလုပ်တတ်တဲ့လူဖြစ်ပြီးတစ်ခုခုဆို အလွဲလေးမှမပါရင်မလုပ်တတ်တဲ့လူနှစ်ယောက်ဖြစ်ပါတယ်။ဒီလိုနဲ့ ရှုပ်ထွေးလှတဲ့ ရာဇဝတ်လောကထဲကို ပေါက်တတ်ကရပေါင်းစုံနဲ့အလွဲပေါင်းသောင်းခြောက်ထောင်လောက်လုပ်ကာရာ့ဂျ်နဲ့မီရာတို့နှစ်ယောက်ဘယ်လိုမျိုးရှေ့ဆက်မှာလဲ ခွီရင်းကြည့်လိုက်ကြပါခင်ဗျာ။R-Rated Series ဖြစ်တာကြောင့် မိသားစုနှင့်ကြည့်ဖို့ မသင့်ပါဘူးခင်ဗျာ။