ဒီဇာတ်လမ်းတွဲကို BBCက ရိုက်ကူးထုတ်လွှင့်ထားတာဖြစ်ပြီး မြောက်အိုင်ယာလန်အခြေစိုက် မှုခင်းဇာတ်လမ်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲက အမှုအခင်းတွေကိုအဓိကအသားပေးထားတာမဟုတ်ဘဲ ရဲစခန်းတစ်ခုရဲ့ လုပ်ထုံးလုပ်နည်းတွေ အထက်အောက်ဆက်ဆံရေးတွေ၊ အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ဘဝကို ပေါ်လွင်အောင်ဖန်တီးရိုက်ကူးထားတာပါ။Rating တွေလည်း အတော်မြင့်ပါတယ်။ IMDb 8.1နဲ့ RT 91%အထိ ရထားတာပါ။