Sozoku Tanteiဆိုတဲ့ မန်ဂါရုပ်ပြကနေ ပြန်လည်ပြင်ဆင်ရိုက်ကူထားတဲ့ဇာတ်လမ်းဖြစ်ပြီးတော့ဇာတ်လိုက်ရှေ့နေ ဟအိအဲအဖြစ်နဲ့ Akaso Eiji က အဓိကပါဝင်ထားပြီး ရဲအိကိုအဖြစ်နဲ့ မင်းသမီး Sakurada Hiyori တို့က ပါဝင်ထားပါတယ်။ထိပ်တန်း ရှေ့နေဟောင်းတစ်ယောက်ဖြစ်တဲ့ ဟအိအဲဆိုသူက အမွေဆိုင်ကိစ္စတွေ အမှုတွေကို ဖြေရှင်းပေးတဲ့နေရာမှာ ထိပ်တန်းဆရာတစ်ဆူပါပဲ။သူ့ရဲ့ ထက်မြတ်တဲ့အတွေးအခေါ်တွေ ဉာဏ်ရည်တွေကိုအသုံးချပြီး ရှုပ်ထွေး၊ ထူးဆန်းလှတဲ့ အမွေဆိုင်အမှုတွေရဲ့ လျှို့ဝှက်ချက်တွေကို ဘယ်လိုမျိုး ဉာဏ်နီဉာဏ်နက်တွေသုံးပြီး အမှုမှန်ပေါ်ပေါက်အောင်အဖြေမှန်ရအောင် ဖြေရှင်းသွားမလဲဆိုတာ ကြည့်ရှုအားပေးကြပါဦး။