ငွေတုထုတ်လုပ်တာနဲ့ပတ်သတ်တဲ့ ရုပ်ရှင်တွေ Series တွေကိုအနည်းနဲ့အများတော့ ကြုံတွေ့ရှုစားဖူးကြမှာပါ။အခုတင်ဆက်ပေးမဲ့ Franklin ဆိုတဲ့ Series ကလည်လက်ဘနွန်နိုင်ငံကနေရိုက်ကူးထားတဲ့ ငွေတုထုတ်လုပ်တဲ့အကြောင်းကို အဓိကထားရိုက်ကူးထားတဲ့ စိတ်ကူးယဉ်Series လေးပဲဖြစ်ပါတယ်။Episode 6 ပိုင်းပါရှိပြီး တစ်ပိုင်းနဲ့တစ်ပိုင်းကို အချိတ်အဆက်မိမိ ရိုက်ကူးထားတဲ့အတွက် အရှေ့မှာထွက်ခဲ့တဲ့ ဆင်တူယိုးမှားဇာတ်ကားတွေကိုမမှီရင်တောင် ကြည့်ရတာမပျင်းစေမဲ့Series ပဲဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ကတော့ တောခွေးလို့ခေါ်တဲ့နာမည်ကြီးငွေတုလုပ်သမားရဲ့သားဖြစ်သူ အက်ဒမ်ပဲဖြစ်ပါတယ်။သူ့အဖေကတော့ အဲ့ဒီလုပ်ငန်းကိုစွန့်လွှတ်ခဲ့တာကြာနေပြီဖြစ်ပြီးအခုအချိန်မှာရောဂါကြောင့်သေလုမျောပါးဖြစ်နေပါတော့တယ်။အက်ဒမ်ကလည်း တစ်ကိုယ်တော်ဖခင်တစ်ယောက်ဖြစ်ပြီးသူ့မှာသမီးလေးတစ်ယောက်ရှိပေမဲ့ သူ့သမီးလေးမှာလည်း နှလုံးနဲ့သက်ဆိုင်တဲ့ရောဂါကြီးကြီးမားမားရှိနေတဲ့အတွက် အဖေဖြစ်သူနဲ့သမီးဖြစ်သူအတွက် လိုအပ်တဲ့ဆေးကုသစရိတ်တွေရှာဖို့ အက်ဒမ်တစ်ယောက်တိုင်ပတ်လို့နေပါတော့တယ်။သူက ငယ်ငယ်ကတည်းက သူ့အဖေလက်ထဲမှာကြီးပြင်းလာတာဖြစ်တဲ့အတွက် ငွေတုလုပ်တဲ့လုပ်ငန်းကိုတော့ ရင်းနှီးကျွမ်းကျင်နေသူဖြစ်ပေမဲ့ သူ့အဖေစွန့်လွှတ်ခဲ့တဲ့လောကထဲကိုပြန်ဝင်မလားအဖေဖြစ်သူနဲ့သမီးဖြစ်သူကို ကယ်တင်ဖို့အတွက် ပိုက်ဆံအများကြီးရနိုင်တဲ့ငွေတုလုပ်ငန်းလောကထဲကိုပဲပြန်ဝင်ပြီး အရှုပ်အထွေးတွေကိုရင်ဆိုင်မလားဆိုတာကိုရှုစားရမဲ့ Series ကောင်းတစ်ခုပဲဖြစ်ပါတယ်။