The Ex-Morning เพราะแฟนเก่าเปลี่ยนแปลงบ่อย FHD

The Ex-Morning เพราะแฟนเก่าเปลี่ยนแปลงบ่อย

Comedy Drama FHD 2025-05-22 8.3

2020 ခုနှစ်ကစလို့ ရိုက်ခတ်မှုတချို့နဲ့ ပျောက်သွားခဲ့ရတဲ့SOTUS couple Krist-singto သင်္ဘောကြီးဟာဆိုရင်တော့ဖြင့်အခု 5 နှစ်အကြာမှာ တစ်ဖန်ပြန်လည် ရွက်လွှင့်လာခဲ့ပါပြီ။442မုန်တိုင်းမိနေတဲ့သင်္ဘောကြီး ပြန်လည်ရွက်လွှင့်လာခဲ့ပြီဆိုတော့လမ်းပျောက်နေကြတဲ့ shipper အပေါင်းလည်း တစ်ဖန်ပြန်လည်ရှုစားကြပါဦးစို့။အစီအစဉ်ရဲ့hostလည်းဖြစ် သတင်းထောက်တစ်ယောက်လည်းဖြစ်တဲ့ဖီတစ်ယောက်ရုပ်သံလွှင့်နေတုန်း တေးဆိုတဲ့ကောင်လေးကို စိတ်လိုက်မာန်ပါနဲ့ ကော်ဖီနဲ့ကောက်ပက်လိုက်မိပါတယ်။ကံဆိုးချင်တော့ ကော်ဖီနဲ့ပက်လိုက်တဲ့ဗီဒီယိုက ဟိုးလေးတကျော်ဖြစ်သွားပြီးဖီတစ်ယောက် ပြည်သူ့ချဉ်ဖတ်ဘဝကို နေ့ချင်းညချင်းရောက်သွားပါတော့တယ်။အလုပ်ပြုတ် ဘဝဆုံးတော့မယ့်ဆဲဆဲမှာ ဖီတစ်ယောက် အစီအစဉ်သစ်တစ်ခုလုပ်ဖို့ ကမ်းလှမ်းခံရပြီးအစီအစဉ်ရဲ့ထုတ်လုပ်သူကတော့ သူ့ရဲ့ရည်းစားဟောင်း တမ်တဝမ်ဖြစ်နေတဲ့အခါ…တစ်ချိန်က ပြဿနာတချို့လမ်းခွဲခဲ့ကြပေမဲ့ နှလုံးသားရဲ့ထောင့်တစ်နေရာစီမှာခံစားချက်တွေကျန်နေသေးတဲ့သူတို့နှစ်ယောက် အတူအလုပ်လုပ်ရဖို့ဖြစ်လာချိန်မှာတော့ဝေးကွာနေတဲ့နှလုံးသားတစ်စုံဟာ ပြန်ဆုံဆည်းရဖို့ဖြစ်လာမှာလားဆိုတာကတော့အပတ်စဉ် ကြာသပတေးနေ့တိုင်း ကြည့်ရှုခံစားရင်းGMM ရဲ့ တစ်ချိန်က legendary Krist-singto CPကို ပြန်လည်အားပေးလိုက်ကြပါဦးစို့။