သင်္ချာဌာန ဒုတိယနှစ်ကျောင်းသားလေး Lu Ye Qi ဟာစာတော်သူတစ်ယောက်ဖြစ်ပေမဲ့ သူ့မှာ လူအများမသိတဲ့ လျှို့ဝှက်ချက်တစ်ခုနေပါတယ်။အဲဒီလျှို့ဝှက်ချက်ကတော့ သူဟာ ပရော်ဖက်ရှင်နယ်မိန်းကလေးကာတွန်းဆရာတစ်ယောက်ဖြစ်ပါနေတာပါပဲ ဒါပေမဲ့လည်း သူဟာသိပ္ပံကျောင်းသားတစ်ယောက်ဖြစ်တာမလို့ မိန်းကလေးကာတွန်နဲ့ပတ်သတ်တဲ့ဗဟုသုတတွေနည်းပါးပါတယ်။Lu Ye Qi ဟာ အရင်က ယောက်ျားလေးကာတွန်းဆရာဖြစ်ဖို့အိပ်မက်မက်ခဲ့ပေမဲ့ မတော်တဆ မိန်းကလေးကာတွန်းလမ်းကြောင်းပေါ်ကိုရောက်လာခဲ့ပြီး ကာတွန်းအပေါ် ထားရှိတဲ့ သူနှစ်သက်မှုကြောင့် ဒီအိမ်မက်ကိုအဆုံးအထိ အကောင်အထည်ဖော်ရန် ဆုံးဖြတ်ထားပါတယ်။Lu Ye Qi ကိုတိတ်တခိုးစိတ်ဝင်စားနေတဲ့ Zuo Qian Dai ဆိုတဲ့ကောင်မလေးဟာသူ့ကိုဖွင့်ပြောခဲ့ပြီးနောက်မှာ မထင်မှတ်ဘဲ သူ့ရဲ့ကာတွန်းအဖွဲ့ထဲကို ရောက်ရှိလာခဲ့ပါတော့တယ်။Zuo Qian Dai နဲ့ရင်းနှီးလာပြီးတဲ့နောက်မှာတော့Lu Ye Qi ဟာ ကာတွန်းဖန်တီးဖို့ စိတ်ကူးအသစ်တွေရရှိလာခဲ့ပြီး နှစ်ယောက်သားအချိန်တွေကို အတူတူပိုကုန်ဆုံးဖြစ်တာနဲ့အမျှ ကာတွန်းဖန်တီးမှုအတွက်စိတ်အားထက်သန်မှုအသစ်ကိုလည်း တွေ့ရှိခဲ့ကြပါတယ်။ ကာတွန်းအဖွဲ့ကတဖြည်းဖြည်း တိုးချဲ့လာခဲ့ရင်း အခွင့်အလမ်းအသစ် ၊ စိန်ခေါ်မှုအသစ်တွေတစ်ခုပြီးတစ်ခု ရောက်ရှိလာပြီး မမြင်နိုင်တဲ့ အခက်အခဲများစွာကို ရင်ဆိုင်ရချိန်အဖွဲ့ဝင်တွေရဲ့ ရှုပ်ထွေးမှု၊ သံသယဖြစ်မှုနဲ့ သဘောထားမတိုက်ဆိုင်မှုတွေကြုံတွေ့ခဲ့ရပြီးနောက်မှာတော့ စည်းလုံးညီညွတ်တဲ့ ကာတွန်ဖန်တီးရေးအဖွဲ့တစ်ခုအဖြစ်အတူတကွ ရပ်တည်ခဲ့နိုင်ကြပါတယ်။ ဒီစတူဒီယိုငယ်လေးထဲက လူငယ်ဘဝ၊ခင်မင်ရင်းနှီးမှုနဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ကြမဲ့ အကြောင်းလေးကိုစိတ်ဝင်တစားနဲ့ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။