လူဆိုတာ ဘယ်လောက်ပဲဖြူစင်တယ်ပြောပြော ဘယ်လောက်ပဲသန်မာပါတယ်ပြောပြောသူတိုမှာ လူသိမခံချင်တဲ့လျှိဝှက်ချက်တွေ အတိတ်တွေရှိကြတာပါပဲ။THC the heartbreak clubဆိုတဲ့ အသည်းကွဲကလပ်ကတော့ဒီအချက်ကိုချနင်းရင်း လူတွေကို မင်းမူနေတဲ့ ကောလိပ်လျှိဝှက်အဖွဲအစည်းတစ်ခု…THCရဲ့ ဆောင်ပုဒ်ကတော့ အသည်းကွဲပြီး ပြိုလဲသွားခြင်းဟာ လူတစ်ယောက်ကို ပိုပြီးတော့ရင့်ကျက်သန်မာလာစေသတဲ့။ဒီလိုနဲ့ပဲ THCကို အထင်ကြီးကြတဲ့သူတွေလည်းများသလို ရွံကြောက်ကြတဲ့သူတွေလည်းအများသားပေါ့။အဲဒီထဲမှာတော့ အန်နာရာက THCကို အထင်ကြီးတဲ့သူထဲကပါ။ဒါပေမဲ့ တစ်နေ့ အန်နာရာတစ်ယောက် ရုတ်တရက် ကျောင်းမှာပျောက်ဆုံးသွားပါတော့တယ်။အားလုံးက အန်နာရာတစ်ယောက် သူ့ဆန္ဒနဲ့သူ ထွက်သွားတာလိုပြောကြပေမဲ့အန်နာရာရဲ့ညီမကီရှာကတော့ ဒါကိုမယုံတဲ့အတွက် THCကိုလာစုံစမ်းရင်း တာဗစ်ရှ်ဆိုတဲ့ကောင်လေးနဲ့ တွေ့တဲ့အခါ…..