Nine Puzzles 나인 퍼즐 FHD

Nine Puzzles 나인 퍼즐

Crime Mystery FHD 2025-05-21 10

တစ်ညမှာ Yi Na(Kim Dami) ရဲ့ အဖေနဲ့မခြားနားတဲ့ ဦးလေး၊ အမေဖြစ်သူနဲ့ သူမရဲ့သူငယ်ချင်းဖြစ်သူတို့ဟာ ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ်။ဒီလူသတ်မှုကို မျက်မြင်သက်သေတွေ့ခဲ့ရတဲ့သူဟာ Yi Na တစ်ဦးတည်းပဲ ဖြစ်ခဲ့တာကြောင့်အဲဒီအမှုကို စစ်ဆေးရတဲ့ စုံစမ်းစစ်ဆေးရေးမှူး Han-Saem(Son Suk-Ku) ဟာ Yi Na ကိုလူသတ်သမားအဖြစ် သံသယရှိနေခဲ့ပါတယ်။နောက်ဆယ်နှစ်အကြာမှာတော့…Yi Na ဟာ ဆိုးလ်မြို့အကြမ်းဖက်မှုခင်းအဖွဲ့မှာ ၆ နှစ်ကြာ သက်တမ်းရှိတဲ့ ရာဇဝတ်မှုဖော်ထုတ်သူဖြစ်လာခဲ့ပါတယ်။ အမှုတစ်ခုမှာ အများဆုံး သူမကပဲ ပထမဦးဆုံးဖော်ထုတ်နိုင်လောက်တဲ့ထိလည်းထက်မြတ်တဲ့သူတစ်ယောက် ဖြစ်လာခဲ့တာပေါ့။နောက်ဆုံးမှာတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက သူမကို လူသတ်သမားအဖြစ် သံသယဝင်နေခဲ့တဲ့စုံထောက် Han-Saem နဲ့ တွေ့ဆုံကာ အတူတူ အလုပ်လုပ်ဖို့ ဖြစ်လာခဲ့ပြီး အမှုတွေကိုဘယ်လိုဖော်ထုတ်သွားကြမလဲ…Han-Saem ရဲ့ သံသယတွေကရော သူမအပေါ် ကင်းရှင်းသွားပါ့မလား…တကယ့်လူသတ်သမားကရော ဘယ်သူလဲဆိုတာကို…Puzzle ကိုးခုနဲ့အတူ လိုက်လံရှာဖွေရင်း လျှို့ဝှက်နက်နဲပြီး ပိပိရိရိ ဖုံးဖိထားကြတဲ့ရာဇဝတ်မှုတွေနဲ့ ပက်သက်ပြီး ဆက်စပ်ဖော်ထုတ်သွားကြပုံကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမဲ့ဇာတ်လမ်းတွဲကောင်းလေးဖြစ်တာကြောင့် မလွတ်စတမ်း စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်။