ဒီတစ်ခေါက်မှာတော့ Netflix ကရိုက်ကူးထားတဲ့သဘာဝဘေးအန္တရာယ်အကြောင်း mini series တစ်ခုကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။La Palma ဆိုတာက စပိန်နိုင်ငံ၊ ကနေရီကျွန်းစုထဲမှာပါဝင်တဲ့ မီးတောင်ရှင်ကျွန်းတစ်ကျွန်းပါ။ 1949 ခုနှစ်မီးတောင်ပေါက်ကွဲမှုအပြီး ကျွန်းတစ်လျှောက်မှာဧရာမအက်ကွဲကြောင်းကြီးတစ်ခုပေါ်လာခဲ့ပါတယ်။တောင်တစ်ခြမ်းလုံးက တစ်ဆက်တည်း အက်ကွဲသွားတာကြောင့် နောက်တစ်ကြိမ် မီးတောင်ပေါက်ကွဲတဲ့အခါ အဲဒီတောင်တစ်ခြမ်းလုံး ပင်လယ်ထဲကို ပြိုကျသွားနိုင်တယ်ဆိုပြီး သိပ္ပံနဲ့ ဘူမိဗေဒပညာရှင်တွေကသီအိုရီထုတ်ထားကြပါတယ်။အဲလိုသာ တောင်တစ်ခြမ်းလုံးပြိုကျသွားရင် နောက်ဆက်တွဲအနေနဲ့ ဧရာမ ဆူနာမီလှိုင်းလုံးတွေဖြစ်လာနိုင်တာကြောင့်လက်ရှိမှာလည်း စောင့်ကြည့်လေ့လာနေကြဆဲပါ။အခုတင်ဆက်ပေးမဲ့ စီးရီးက ဒီသီအိုရီအပေါ်အခြေခံထားပြီးတကယ် တောင်ပြိုမဲ့ မီးတောင်ပေါက်ကွဲမှုကြီး ဖြစ်လာပုံကိုရိုက်ကူးတင်ဆက်ထားတာပါ။ခရစ္စမတ် အားလပ်ရက်မှာ လာပယ်မာကျွန်းဆီခရီးထွက်လာကြတဲ့ နော်ဝေးမိသားစုနဲ့ လာပယ်မာကျွန်းမှာ ဇလဗေဒပါရဂူဘွဲ့ယူဖို့ကြိုးစားနေတဲ့ ကောင်မလေးတစ်ယောက်ကိုအဓိကထားပြီး ဇာတ်အိမ်တည်ထားပါတယ်။မီးတောင်တွေ ငလျင်တွေ သဘာဝဘေးတွေအကြောင်းကိုNetflix ကကျကျနနရိုက်ကူးပေးထားပြီး မီနီစီးရီးဖြစ်တဲ့အတွက်ကြောင့် အချိန်အများကြီးပေးစရာမလိုဘဲ ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မဲ့ စီးရီးတစ်ခုပဲဖြစ်ပါတယ်။