Motorheads FHD

Motorheads

Drama FHD 2025-05-20 10

ဇက်နဲ့ ကိတ်လင်းတို့ဟာ အမေဖြစ်သူနဲ့အတူနယူးယောက်ကနေ ဖခင်ဖြစ်သူရဲ့အိုင်းယွန်းဝုဒ်ဆိုတဲ့ဇာတိမြို့‌လေးကိုပြောင်းရွေ့လာပါတယ်။သူတို့ရဲ့ ဖခင်ဖြစ်သူကတော့ သူတို့ငယ်ငယ်ထဲကပျောက်ချင်းမလှပျောက်သွားခဲ့ပြီး မိခင်ကသူတို့ကို ဖခင်အကြောင်းပြောမပြသလိုအဖေ့အကြောင်းပြောခွင့်လည်း ပိတ်ပင်ခံထားရပါတယ်။သူတို့ကိုယ်တိုင်လည်း ဖခင်ဖြစ်သူနာမည်ကိုပြောမိရင်ဝိုင်းအကျဉ်ခံရမယ်ဆိုတာကလွဲလို့သူတို့ဖခင်ဘာဖြစ်သွားမှန်းမသိရပါဘူး။ဒီလိုနဲ့ ဇက်နဲ့ကိတ်လင်းတို့ ၂ ယောက်အတန်းဖော်သစ်မြို့မျက်နှာဖုံးသူဌေးသား ဟားရစ်ရဲ့ပါတီကိုတက်ရောက်ရင်း ဇက်ဟာ ဟားရစ်ရဲ့ကောင်မလေးနဲ့စည်းကျော်သွားမိတဲ့ အခါမှာတော့ ဟားရစ်ကဇက်ကို ပညာပေးဖို့လုပ်ပါတော့တယ။ နယူးယောက်နေမျက်စီသူငယ် နားသူငယ်နဲ့ရောက်လာတဲ့ဇက်တစ်ယောက်အဆက်အသွယ်များပြီး သြဇာကြီးမားတဲ့ဟားရစ်ရဲ့ရန်ကိုရှောင်နိုင်ပါ့မလား ပျောက်သွားတဲ့သူတို့အဖေရဲ့တကယ့်သရုပ်မှန်‌ကကော ဘာလဲဖော်ထုတ်သွားနိုင်မလား စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။