ချာအွန်းဟိုကတော့ ထုတ်ဝေဖြန့်ချီရေးကုမ္ပဏီရဲ့ အသက်အငယ်ဆုံး အယ်ဒီတာချုပ်တစ်ဦးဖြစ်တဲ့အပြင်ဥစ္စာပေါရုပ်ချောနာမည်ကြီး စာရေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။ဂန်ဒန်းအီကတော့ နာမည်ကြီး ကြော်ငြာစာရေးသူတစ်ဦးဖြစ်ခဲ့ပေမဲ့လည်း ကံမကောင်းအကြောင်းမလှစွာနဲ့ပဲကွာရှင်းခဲ့ရပြီး single mom တစ်ယောက်အနေနဲ့ ရုန်းကန်ပြီး အလုပ်တစ်ခုရဖို့အတွက် ကြိုးစားနေသူပါ။ဘွဲ့ရပညာတတ်ဖြစ်ပေမဲ့လည်း career break ထားတဲ့ အိမ်ရှင်မတစ်ယောက်အဖို့ အလုပ်ရဖို့ ခက်ခဲတဲ့အတွက်သူမရဲ့ပညာရေးနောက်ခံကို လိမ်ညာပြီး အလုပ်လျှောက်လိုက်ရာမှ ချာအွန်းဟို အလုပ်လုပ်နေတဲ့ကုမ္ပဏီမှာ ယာယီဝန်ထမ်းအဖြစ် အလုပ်ဝင်ခွင့်ရခဲ့ပါတော့တယ်။အဲဒီလိုနဲ့ ငယ်ငယ်ကတည်းက အတွင်းသိအဆင်းသိဖြစ်တဲ့ သူတို့နှစ်ဦး ကုမ္ပဏီတစ်ခုတည်းမှာအလုပ်အတူတူလုပ်ရင်းနဲ့ သံယောဇဉ်တွေ တိုးပွားပြီး အစ်မနဲ့ မောင်လေး ဆက်ဆံရေးလေးကနေအဆင့်တက်သွားမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမဲ့အပြင် …ထုတ်ဝေဖြန့်ချီရေးကုမ္ပဏီအတွင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာလေးတွေကိုပါဟာသနှောပြီး ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ စာအုပ်ချစ်သူပရိသတ်များပါအကြိုက်တွေ့စေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ကြောင်း ညွှန်းဆိုချင်ပါတယ်။