Secrets We Keep FHD

Secrets We Keep

Crime Drama FHD 2025-05-15 6

မကြာသေးခင်ကမှ Netflix က ရိုက်ကူးတင်ဆက်ထုတ်လွှင့်လိုက်တဲ့ Crime Thriller စီးရီးလေးတစ်ခု နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီစီးရီးမှာ အပိုင်း ၆ ပိုင်း ပါဝင်ပြီးတော့ IMDB မှာRating 7.0 အထိ ရထားတဲ့ ကားမို့ မကောင်းမှာပူစရာ မလိုပါဘူး။ဇာတ်လမ်းအကျဉ်း ပြောရရင် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တော်မှာ စီစီလီယာ ဆိုတဲ့ အမျိုးသမီးဟာ သူမရဲ့ခင်ပွန်းနဲ့ ကလေးနှစ်ယောက်နဲ့အတူ နေထိုင်ပါတယ်။သူတို့အိမ်မှာ Au Pair လို့ခေါ်တဲ့ ကလေးထိန်းကျောင်းနေစနစ်နဲ့ လာပြီး နေထိုင် ကူညီပေးနေတဲ့ အိန်ဂျယ်ဆိုတဲ့ကောင်မလေးလည်း ရှိပါတယ်။တစ်နေ့ သူမတို့နဲ့ ခင်မင်တဲ့ အိမ်နီးနားချင်း အိမ်မှာAu Pair အဖြစ်လာနေနေတဲ့ ရူဘီဆိုတဲ့ ကောင်မလေးရုတ်တရတ် ပျောက်ဆုံးသွားတဲ့ အခါမှာ သူမကိုယ်တိုင်လိုက်လံစုံစမ်း ရှာဖွေဖို့ ကြိုးစားရင်း သူမ သိထားတဲ့တစ်ချို့တစ်ချို့သော အရာတွေဟာ ထင်မှတ် မထားလောက်အောင် ပြောင်းလဲသွားတဲ့ အခါမှာတော့….။ (Honest review ~ ဇာတ်ကား ၆ ပိုင်းလုံး ကြည့်ပြီးချိန်မှာထင်မထားတဲ့ Twist တချို့နဲ့ လှလှပပ ဇာတ်သိမ်းပြသွားတာတကယ်ကို ပရိသတ်ရင်ထဲ တစ်ခုခု ကျန်ခဲ့အောင် ရိုက်ကူးတင်ဆက်ထားတာမို့ Crime Thriller ပရိသတ်တွေ ကြည့်ကိုကြည့်သင့်သောပါ)

အပိုင်းများ

Season - 1