Murshid FHD

Murshid

Crime FHD 2024-08-30 6.3

မွမ်ဘိုင်းမြို့ရဲ့အမှောင်ကမ္ဘာမှာ မူရှီ့ဒ်ပထန်ဆိုတဲ့ နာမည်တစ်လုံးကဆိုရင် ကြောက်ရွံ့မှုနဲ့လေးစားမှုရဲ့ သင်္ကေတတစ်ခုအဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့ပါတယ် ဒါပေမဲ့ သူလုပ်ခဲ့တဲ့မကောင်းမှုတွေကြောင့်လားပဲချစ်ရတဲ့သား၂ယောက်ထဲက အကြီးဆုံးလေးက ကားတိုက်မှုနဲ့ သေဆုံးသွားလေတော့ သူ့ကြောင့်ပဲဆိုတဲ့ အပြစ်ရှိစိတ်နဲ့ဒီဒုစရိုက်လောကထဲက ထွက်လာခဲ့တာ နှစ်ပေါင်းတစ်ခုအထိ ကြာမြင့်ခဲ့ပါပြီ ကျန်နေတဲ့ သားငယ်ဖြစ်သူကဂိုဏ်းတစ်ခုအောက်မှာ သိုသိုသိပ်သိပ်အလုပ်လုပ်နေရင်း မူရှီ့ဒ်သားငယ်မှန်းမသိဘဲ အကွက်ဆင်ပြီး ပြဿနာကိုဒီကလေးပေါ်ထိုးချလိုက်ပါတယ် အသက်အရွယ်ရလာတဲ့ ဂိုဏ်းခေါင်းဆောင်ဟောင်း မူရှီဒ့်က အသက်ဘေးရင်ဆိုင်‌နေရတဲ့သားဖြစ်သူကိုပြိုင်ဘက်ဂိုဏ်းရဲ့ ခြိမ်းခြောက်မှုတွေကနေ ကာကွယ်ဖို့အတွက် သူစွန့်လွှတ်ခဲ့တဲ့ ရာဇဝတ်လောကထဲကို မလွှဲမရှောင်သာပြန်လည်ခြေချရပါတော့တယ် သူ့ရဲ့ ပြန်လာမှုက မြို့ရဲ့ ငြိမ်သက်နေတဲ့ ရာဇဝတ်ကမ္ဘာကို မုန်တိုင်းတစ်ခုလို တိုက်ခတ်လာပါတော့တယ်…တစ်ဖက်မှာတော့ ရိုးသားပြီး စိတ်အားထက်သန်တဲ့ ရဲအရာရှိကူမားပရာတပ်ရာနာက သူ့အဖေနဲ့ ဆက်နွယ်နေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့အမှုတစ်ခုကို စုံစမ်းစစ်ဆေးနေပါတယ် အတိတ်ရဲ့ အရိပ်တွေက ပစ္စုပ္ပန်ရဲ့ ဖြစ်ရပ်တွေနဲ့ ရှုပ်ထွေးစွာ ချည်နှောင်ထားပြီးရာနာရဲ့ စုံစမ်းမှုက သူ့ကို မူရှီဒ့်ပထန်နဲ့ ထိပ်တိုက်တိုးလာတဲ့အခါမှာတော့….ဒီစီးရီးက အာဏာ သစ္စာဖောက်မှုနဲ့ အတိတ်ရဲ့ ဝဋ်ကြွေးတွေအကြောင်းကို နက်နက်ရှိုင်းရှိုင်း တူးဆွထားတဲ့ ရာဇဝတ်မှုသည်းထိတ်ရင်ဖို ဝဘ်စီးရီးတစ်ခုပါ ဇာတ်လမ်းရဲ့ ဇာတ်ရှိန်ကအပိုင်းတစ်ပိုင်းပြီးတိုင်း မြင့်တက်လာပြီး မွမ်ဘိုင်းမြို့ရဲ့ နောက်ကွယ်ကမည်းမှောင်တဲ့ လျှို့ဝှက်ချက်တွေကို တဖြည်းဖြည်း ဖော်ထုတ်သွားမှာပါ အတိတ်မှာ လွှမ်းမိုးခဲ့တဲ့ ဂိုဏ်းခေါင်းဆောင်ဟောင်းနဲ့တရားဥပဒေကို စောင့်ထိန်းဖို့ ကြိုးစားနေတဲ့ ရဲအရာရှိတို့ရဲ့ ပဋိပက္ခက ကြည့်ရှုသူတွေကို စိတ်ဝင်တစား ဆွဲဆောင်ထားနိုင်မှာ အသေအချာပါပဲ။