စက်အသိဉာဏ်သုံး လုံခြုံရေး စက်ရုပ်တစ်ရုပ်ဟာ သူ့ခေါင်းထဲက ထိန်းချုပ်စက်ကို သူ့ဘာသာ ပြန်ဟက်နိုင်သွားပြီး လွတ်လပ်သွားပါတယ်။ဒီတော့ သူစိတ်ကုန်နေတဲ့ လူသားတွေအတွက် လုံခြုံရေး လုပ်မပေးချင်တော့ပါဘူး။ကုမ္ပဏီက ဇာတ်လမ်းတွဲတွေကိုပဲ ဒေါင်းလုတ်ခိုးဆွဲပြီး အေးဆေးကြည့်နေချင်တာပါ၊ (ချန်နယ်မြန်မာ App ထည့်ထားပေးရမဲ့ စက်ရုပ်မျိုးပါ)။ဒါပေမဲ့ သူထွက်မပြေးရဲပါဘူး၊ ကုမ္ပဏီက လိုက်ရှာပြီး အရေကြိုခံရမှာ ကြောက်လို့ အရင်လို ဟန်ဆောင်ပြီး အလုပ်လုပ်နေရပါတယ်။သူ့ရဲ့တာဝန်ကတော့ အန္တရာယ်များတဲ့ ဂြိုလ်တစ်ခုပေါ်မှာ လေ့လာရေး သိပ္ပံပညာရှင်တစ်သိုက်ကို ဂြိုလ်ကောင်ကြီးတွေ အန္တရာယ်ကနေ ကာကွယ်ပေးဖို့ပါပဲ။ဒီတော့ အဖွဲ့သားတွေကြားကပြဿနာတွေ၊ အန္တရာယ်တွေကြားမှာ သူက အမိန့်မနာခံလည်း ရနေပြီဆိုတာကို မသိအောင် ဟန်ဆောင်ရင်း ဘယ်လိုရုန်းကန်သွားရမလဲဆိုတာ မြင်ရမှာပါပဲ။