ဂျပန် မှုခင်းစုံထောက်စီးရီးကြိုက်သူတွေအတွက် ကားအသစ်လေး ထွက်လာပါပြီ။ကိုဒါမာရိဆိုတဲ့ကောင်မလေးဟာ တိုကျိုမြို့က နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုဌာနမှာအလုပ်လုပ်နေတဲ့ ရဲအရာရှိတစ်ယောက်ပါ။ သူဟာ ဆံပင်အစိမ်းရောင်တောက်တောက်ကိုဆိုးထားပြီး အမြဲ အားအင်အပြည့်ရှိနေပေမဲ့ ရုံးကအလုပ်တွေထက် အပြင်မှာဖြစ်နေတဲ့ကိစ္စသေးသေးလေးတွေကို လိုက်လံဖြေရှင်းနေတတ်သူတစ်ယောက်ပေါ့။မာရိအလုပ်လုပ်တဲ့ရုံးကတော့ တိုကျိုမြို့မှာရှိတဲ့ ဂျပန်မဟုတ်တဲ့ တခြားနေထိုင်သူနိုင်ငံသားတွေရဲ့ပြဿနာတွေကို လိုက်လံဖြေရှင်းပေးရတဲ့ ရုံးတစ်ခုလည်းဖြစ်ပါတယ်။ဒီလိုနဲ့ တစ်ရက်မှာ တရုတ်မလေးတစ်ယောက်က သူ့သူငယ်ချင်းကို ဆက်သွယ်လို့မရဖြစ်နေတာကိုမာရိတစ်ယောက် ကူညီဖြေရှင်းပေးဖို့လုပ်ရင်းနဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုဌာနရဲ့ စကားပြန်စင်တာမှာအလုပ်လုပ်နေတဲ့ အာရိကီနိုနဲ့တွေ့ဆုံပြီး အမှုကို အတူတူလိုက်ဖို့ဖြစ်လာခဲ့ပါတော့တယ်။မာရိနဲ့ အာရိကီနိုတို့ ဂျပန်နိုင်ငံသားမဟုတ်တဲ့ နိုင်ငံခြားသားတွေရဲ့ ပြဿနာတွေကို အတူတူလိုက်ဖြေရှင်းပေးရင်းနဲ့ မြေအောက်ဂိုဏ်းတစ်ခုဖြစ်တဲ့ ဗိုလန်တီယာဆိုတဲ့ အဖွဲ့ကိုစုံစမ်းဖို့ ဖြစ်လာတဲ့အချိန်မှာတော့ ……….ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ရှုစားပေးကြပါဦး။