လာရာနဲ့ မီဂယ်တို့ဟာ မတူညီတဲ့အသိုင်းအဝိုင်း၊ မတူညီတဲ့ဘ၀တွေ၊ လမ်းကြောင်းတွေဆီကလူငယ်နှစ်ဦးဖြစ်ပါတယ်။ ပုံမှန်အတိုင်းဆို ဘယ်လိုမှနီးစပ်နိုင်စရာ ဆုံတွေ့နိုင်စရာမရှိတဲ့သူတို့နှစ်ယောက်ဘ၀တွေဟာတစ်နေ့မှာတော့ထူးဆန်းစွာဆုံဆည်းဖို့ဖြစ်လာပါတော့တယ်။အဲ့ဒါကတော့ မိုးသည်းထန်တဲ့ညတစ်ညမှာ နှစ်ဦးလုံး ပြိုင်တူမိုးကြိုးပစ်ခံလိုက်ရပြီး ဆေးရုံတစ်ခုတည်းကို ရောက်သွားခဲ့ကြတာပါပဲ။ဆေးရုံရှေ့မှာ မတော်တဆဝင်တိုက်မိရင်း လူချင်းမခွာခင် သူတို့မျက်စိရှေ့က လူတစ်ယောက်ကို ကားတိုက်မိလုဆဲဆဲမြင်ကွင်းကိုမြင်မိတဲ့အတွက်ပြိုင်တူကယ်တင်လိုက်နိုင်ရာကနေလူတွေရဲ့သေဆုံးမှုတွေကို မဖြစ်ခင် ကြိုတင်မြင်နိုင်နေတာ သူတို့ကိုယ်သူတို့သတိထားမိသွားပါတော့တယ်။အဲ့ဒီအစွမ်းကိုအသုံးချပြီး လူတွေကိုကယ်တင်ရင်းကနေ အချင်းချင်းသံယောဇဉ်တွယ်လာသလို၊သေဆုံးဖို့ကံပါလာတဲ့ လူတွေကို မသိလိုက်ပဲကယ်တင်မိနေတဲ့လုပ်ရပ်တွေကြောင့် တစ်ဖက်က သဘာ၀တရားကြီးရဲ့အစီအစဉ်ကိုဝင်စွက်သလိုဖြစ်တဲ့အတွက်နောက်ဆက်တွဲအကျိုးဆက်တွေကလည်း သူတို့နောက်ကိုထပ်ချပ်လိုက်လာတော့မှာဖြစ်ပါတယ်။ဒါတွေကို ဆယ်ကျော်သက်လူငယ်လေးတွေပဲရှိသေးတဲ့ သူတို့နှစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ ရှုစားကြည့်ပါဦး။