ဒီဇာတ်လမ်းတွဲကို ညွန်းရမယ်ဆိုရင်တော့ ကြည့်ဖူးသမျှ ရုပ်ရှင်စီးရီတွေထဲမှာတော်တော်ပေါက်ကရ အဖြစ်ဆုံးလို့ပြောရပါမယ်။သူက တစ်ပိုင်းမှာ တခုနဲ့တစ်ခု မတူတဲ့အပိုင်းဖြတ် သုံးခုလောက်ပါပြီတော့ရှိသမျှ အကုန်လုံးက နာမည်ကြီး ရုပ်ရှင်တွေ ရုပ်ရှင် ထုတ်လုပ်ရေးတွေကိုသရော်ပြီးလှောင်ပြောင်ထားတာပါ။ တစ်ခါတလေ ဇာတ်လမ်းအကြီးကြီးတွေကြည့်မနေပဲ ဒီလိုပေါ့ပေါ့ပါးပါး ကြည့်ရတာပိုပြီး လွတ်လပ်တယ်လို့ ခံစားရပါတယ်။ဟာသတွေ သရော်တတွေကလည်းကြမ်းပေ့ရမ်းပေ့ပဲ လွတ်လွတ်လပ်လပ်ကိုပြောဆိုရိုက်ပြထားပြီးအကုန်လုံးကိုဘွန်ဘွန်းရှင်းရှင်တွေ ပြထားတာမလို့ အားရပါးရကိုကြည့်ရမှာပါ။အမှန်တော့ ဒီဇာတ်လမ်းတွဲကို အညွှန်းမဖတ်ပဲ တန်းကြည့်ပြီးတန်းစပရိုက်ဖြစ်သွားရတဲ့ အရသာက ပိုကောင်းပါတယ်။ဒီတော့အများကြီးညွှန်းနေတော့ပါဘူးပြေးသာ ကြည့်လိုက်တာ မမှားပါဘူး။အပိုင်းတော့ တခါတည်း ၆ ပိုင်းထွက်ရှိပါတယ်။လူကြီးဆန်တဲ့ စကားလုံတွေ ဆဲဆိုတာတွေပါတဲ့ အတွက်၁၈ နှစ်အောက် ကလေးတွေ ကြည့်ဖိုတော့မသင့်တော်ပါဘူး။(မှတ်ချက် R Rated Series ဖြစ်သောကြောင့် မိသားစုနှင့်ကြည့်ရန်မသင့်တော်ပါ။)