ဒီကားလေးကတော့ မိသားစုတစ်စုအပေါ်အခြေခံထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။အိမ်မက်တွေ မျှော်လင့်ချက်တွေ ပြည့်နှက်နေခဲ့တဲ့ မိသားစုလေးတစ်စုဟာ တစ်နေ့မှာ ကံကြမ္မာဆိုးနဲ့ကြုံခဲ့ရပြီးတကွဲတပြားဖြစ်ခဲ့ရပါတယ်။သားလေးဖြစ်သူကို ဖခင်ဖြစ်သူကစောင့်ရှောက်ခဲ့ရပြီး ဖခင်ဖြစ်သူဟာလည်း မျက်မမြင်တစ်ယောက်ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ သားငယ်ဖြစ်သူ အသက် ၉နှစ် အရွယ်ရောက်လာချိန်မှာ မိခင်အကြောင်းမေးခွန်းထုတ်လာခဲ့ပါတယ်။ သားဖြစ်သူက မိခင်ကိုအမြဲတမ်း သတိရလွမ်းဆွတ်ပြီး နေ့တိုင်းမေးနေတာကို မကြည့်ရက်တော့တဲ့အတွက် မျက်မမြင်ဖခင်ဟာ မိသားစုပြန်စုံစည်းနိုင်ဖို့မျှော်လင့်ရင်းသူ့သားငယ်နဲ့အတူ ဇနီးဖြစ်သူကိုလိုက်ရှာဖို့ စွန့်စားခဲ့ပါတယ်။မျက်မမြင်ဖခင် နဲ့ ၉နှစ်အရွယ်သားငယ်လေးတိုနှစ်ယောက် ဇနီး/မိခင် ကိုလိုက်ရှာရင်း အခက်အခဲတွေဘယ်လိုတောင့်ခံပြီး ဘယ်လိုကျော်ဖြတ်ကြတယ် ဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါဦးလို့…….