ငယ်စဉ်ကတည်းက မိတ်ဆွေဖြစ်ကြတဲ့ အိမ်ထောင်ရှင် သူငယ်ချင်းသုံးတွဲ၏ ဇာတ်လမ်းလေးဖြစ်ပါတယ်။သူတို့က ရာသီလေးရာသီတိုင်းအပန်းဖြေခရီး အတူသွားတတ်ကြပါတယ်။ တစ်နေ့မှာ နစ်ခ်ဟာ သူ့ဇနီး အန်းကိုကွဲချင်ကြောင်း ပြောလာပါတယ်။နောက်ပြီး သူ့ရဲ့ စမောရည်းစားလေး ဂျင်နီကို မိတ်ဆက်လာတဲ့အခါ မျှော်လင့်ချက်မထားတဲ့ ပြဿနာတွေစတင်လာပါတယ်။ ဒီအတွဲတွေကြားမှာငယ်ငယ်တုန်းကလိုမျိုး မျှတမှုမရှိတော့တဲ့ ခံစားချက်တွေ အတွေးအခေါ်အမြင်ပြောင်းလဲမှုတွေ၊ ကိုယ်ရေးကိုယ်တာပြဿနာများနဲ့ ရင်ဆိုင်လာကြရပါတယ်။ဂျက်ခ်နှင့် ကိတ်ထ် တို့မှာလည်း အမည်မဖော်နိုင်တဲ့ကျန်းမာရေးပြဿနာတွေ ဒန်နီနဲ့ ခလော့ဒ်တို့ လိင်တူစုံတွဲကြားမှာလည်း ယုံကြည်မှုနှင့်အတွေးအခေါ် အယူအဆမတိုက်ဆိုင်တဲ့ ပြဿနာတွေဖြစ်လာပါတယ်။ ဇာတ်လမ်းလေးမှာ တစ်ဦးနှင့်တစ်ဦးကြား ဆက်ဆံရေး၊ ချစ်ခြင်းမေတ္တာနဲ့အသက်ကြီးလာတာအတွက် ဖြစ်နိုင်သောအပြောင်းအလဲများကို ခံစားသိရှိခံစားစေပြီး ချစ်ခြင်းမေတ္တာနဲ့နားလည်မှုဆိုတဲ့အရာကို ပိုသိရှိသဘောပါက်စေနိုင်မှာပဲဖြစ်ပါတယ်။