(Ongoing Series)နာမည်ကြီးရုပ်ရှင်တစ်ခုကိုပဲ စီးရီးအဖြစ် ပြန်တင်ဆက်ထားတာပါ။ မက်လွိုင်းဆိုတဲ့ သတင်းထောက်ကြီးက အိမ်မှာနေ နေရင်း လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူလုပ်ခဲ့ပြီးတော့ မေ့ထားလိုက်ချင်တဲ့ အင်တာဗြူးလေးတစ်ခုကို ပြန်လုပ်ဖို့အတွက် ဖိတ်ခေါ်စာလေးတစ်စောင်နဲ့ အင်တာဗြူးလုပ်ထားတဲ့ တိပ်ခွေပါဆယ်ထုပ်ကြီးရောက်လာပါတော့တယ် အဲဒီအင်တာဗြူးကတော့ သွေးစုပ်ဖုတ်ကောင်တစ်ယောက်နဲ့ လုပ်ထားတဲ့ အင်တာဗြူးလေးပါပဲ အဲဒီမှာပဲ သူတို့ရဲ့ မပြီးပြတ်သေးတဲ့ အင်တာဗြူးလေးကို အစကနေပြန်လုပ်ကြပါလေရော အင်တာဗြူးဖြေပေးတဲ့သူကတော့ သွေးစုပ်ဖုတ်ကောင်ကြီး လူဝီဖြစ်ပါတယ် မေးခွန်းလေးက အစကတော့ “မင်း ဘယ်အချိန်တုန်းကသေခဲ့တာလဲ မစ္စတာ ဒူးလက်ခ်”ဆိုတဲ့မေးခွန်းလေးပါပဲ အဲဒီကနေပြီးတော့ ၁၉၁၀ခုနှစ်ကနေစပြီး သူ့ရဲ့ ဘဝဖြစ်စဉ်လေးကို ပြောပြမဲ့ကားကောင်းလေးတစ်ကားမို့လို့ ရုပ်ရှင်ကိုခံစားပြီးကြည့်မဲ့သူတွေရော ဇာတ်အိမ်ခိုင်ခိုင်ကြည့်ချင်တဲ့သူတွေရော သွေးစုပ်ဖုတ်ကောင်ကားကို အမြင်ဆန်းဆန်းနဲ့ကြည့်ချင်တဲ့သူတွေအတွက်ပါ လက်မလွှတ်သင့်တဲ့ကားကောင်းလေးတစ်ကားပါပဲခင်ဗျာ