ဖွမ်လေကြောင်းဟာ ကမ်မူလပ်လေကြောင်းထွက်ပေါ်မလာခင်အထိ အမြဲတမ်း ရန်သူမဲ့ နံပါတ်တစ်ဆွတ်ခူးခဲ့ပေမဲ့ ကမ်မူလပ်လေကြောင်းလိုင်းထွက်ပေါ်လာပြီးနောက် ဖွမ်လေကြောင်းလိုင်းကတဖြည်းဖြည်း စီးပွားရေးကျဆင်းပြီး အဆင့်ကျလာခဲ့ပါတယ်ဖွမ်လေကြောင်းလိုင်းက ဝန်ထမ်းတွေဟာလည်း ကမ်မူလပ်လေကြောင်းလိုင်းဘက်ကို ပြောင်းရွှေ့သွားကြပါတယ် ကမ်မူလပ်လေကြောင်းလိုင်းက ပုံမှန်ထက်ကြီးထွားနေပြီး မထင်မှတ်လောက်အောင်စီးပွားဖြစ်ထွန်းနေတော့ မှောင်ခိုလုပ်ငန်းများ လုပ်နေမှာလားဆိုပြီး သံသယဝင်ခဲ့ပါတယ်ဒါကြောင့် ပြိုင်ဘက်ရဲ့အခြေအနေကို သိစေဖို့ ဂီထာကိုလွှတ်ပြီး ဘယ်သူမှမမြင်ဖူးတဲ့သူဌေးရဲ့မျက်နှာကို စုံစမ်းရင်း လေကြောင်းလိုင်းရဲ့လျှို့ဝှက်ချက်တွေကို ဘယ်လိုများ စိတ်လှုပ်ရှားဖွယ်ရှာတွေ့သွားမလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားလိုက်ကြပါဦးရှင်….