ဒီနေ့ တင်ဆက်ပေးသွားမယ့် ဇာတ်ကားလေးကတော့“Dear Enemy” “အရင်းနှီးဆုံးသောပြိုင်ဘက်” ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ချစ်ခြင်းမေတ္တာ၊သံယောဇဉ် နဲ့ယှဉ်ပြိုင်မှုတွေအကြောင်းကိုအသားပေးရိုက်ကူးထားတဲ့ ဒရာမာအမျိုးအစားလေးဖြစ်ပါတယ်။လော့မန့်နဲ့ ချန်ခိုင်ရှီးဆိုတဲ့ကျောင်းနေဖက်သူငယ်ချင်းနှစ်ယောက်ကဘွဲ့ရပြီးသွားတဲ့အချိန်မှာလျှောက်ကြတဲ့ လမ်းတွေမတူကြတော့ဘဲတစ်ယောက်က အောင်မြင်တဲ့ဇာတ်ညွှန်းရေးဆရာမဖြစ်လာပြီးတစ်ဦးကတော့ ချမ်းသာတဲ့အိမ်ရှင်မတစ်ဦးဖြစ်လာခဲ့ပါတယ်။၁၀နှစ်အကြာပြန်လည်တွေ့ဆုံကြတဲ့အချိန်မှာတော့ သူတို့ဟာ တစ်ဦးနဲ့တစ်ဦးမကောင်းတဲ့ဘဝကိုမဖြတ်သန်းစေချင်သလို ကိုယ့်ထက်သာသွားမှာကိုမလိုချင်တဲ့ဒွိဟစိတ်လေးတွေကိန်းအောင်းလို့နေလာပါတယ်။ လော့မန့်ဟာ သူ့ရဲ့လက်ရှိအလုပ်ကိုစိတ်ကျေနပ်မှုမရှိတော့ဘဲ သူဌေးတစ်ဦးနဲ့လက်ထပ်ပြီးချမ်းချမ်းသာသာကောင်းကောင်းမွန်မွန်နဲ့ဘဝကိုဖြတ်သန်းချင်စိတ်တွေဖြစ်လို့လာခဲ့ပါတယ်။ သူ့ဘဝကိုချန်ခိုင်ရှီးနဲ့တန်းတူဖြစ်ဖို့လည်းစိတ်ထဲမှာတွေးနေခဲ့ပါတယ်။ ငယ်ရွယ်ပြီးချောမောတဲ့အပြင်ထက်မြတ်တဲ့ ကျုံးချင်းချန်းဟာ သူတို့သူငယ်ချင်း ၂ယောက်ရဲ့ ပဋိပက္ခနဲ့ယှဉ်ပြိုင်မှုတွေကြားထဲမှာ အရေးပါတဲ့သူတစ်ယောက်ဖြစ်လာခဲ့ပြီးဘယ်လိုတွေဆက်လက်ပြီး ယှဉ်ပြိုင်ကြမလဲ ဘယ်သူကရောအနိုင်ရသွားမလဲဆိုတာကိုဆက်လက်ကြည့်ရှုပေးကြပါဦးရှင့်။