စိတ်ကူးယဉ်ဇာတ်လမ်းကိုမှ မှတ်တမ်းရုပ်ရှင်ဆန်ဆန်ဖန်တီးထားတဲ့ ဟင်ဒီစကားပြောမှုခင်း Mockumentary လေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။၂၀၂၀ ခုနှစ်တုန်းက အိန္ဒိယမှာ လူသဝာ်မှုတစ်ခုဖြစ်သွားတယ်။လူလေးယောက်သေခဲ့တဲ့ ကွင်းဆက်လူသဝာ်မှုပေါ့။ဒါပေမဲ့ အဲဒီကွင်းဆက်မှုရဲ့ သံသယတရားခံက လွတ်နေတယ်။နောက် ၂ နှစ် ကြာတဲ့အချိန်မှာ အဲဒီအမှုကို နိုင်ငံခြားသားသတင်းထောက်တစ်ယောက်က စိတ်ဝင်စားသွားတယ်။အဲဒီအမှုနဲ့ပတ်သက်တဲ့သူတွေကို အင်တာဗျူးပြီး မှတ်တမ်းရုပ်ရှင်ရိုက်ဖိုလုပ်တယ်။အဲဒီကနေ ဒီဇာတ်လမ်းတွဲဖြစ်လာတယ်။ဒီဇာတ်လမ်းတွဲက Pseudo documentary ဆိုပေမဲ့ ဇာတ်လမ်းချိတ်ဆက်ထားပုံတွေကပရိသတ်ကို စကြည့်မိတာနဲ့ ဆုံးတဲ့ထိကြည့်ချင်အောင် ဆွဲခေါ်သွားမှာဖြစ်ပါတယ်။ဒီအမှုမှာ တကယ်ကျူးလွန်ခဲ့တဲ့သူက တကယ်ပဲ သံသယတရားခံကောင်လေးလား၊ အမှန်နဲ့ အမှားဆိုတာ အဖြူမည်းသက်သက်ပဲလား၊ ဒီအမှုတွဲတွေက ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာကို ဒီဇာတ်လမ်းတွဲထဲမှာအားလုံးမြင်တွေ့ကြရမှာပါ…။