ထိပ်တန်း Kpop အဖွဲ့တစ်ခုဖြစ်တဲ့ The Crown အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့အပြင် အသံအလွန်ကောင်းပြီးတော့ဆွဲဆောင်မှုအပြည့်ဖြစ်တဲ့ ဂစ်တာသမား ဆာဂယ် (Ha Yu Jun) ဟာ ရုတ်တရက်ဖြစ်ပေါ်ခဲ့တဲ့မတော်တဆမှုတစ်ခုအပြီးမှာ သူတစ်ခါမှ ခြေမချဖူးတဲ့ ဟန်ဂျူတက္ကသိုလ်ကို တက်ရောက်စာရင်းသွင်းဖို့ဖိအားပေးခံခဲ့ရပါတယ်။ မရင်းနှီးလွန်းတဲ့ လောကအသစ်တစ်ခုကို ဝင်ရောက်ရသလိုမျိုးဖြစ်နေတဲ့ဆာဂယ်တစ်ယောက် သူ့တက္ကသိုလ်ကျောင်းသားဘဝကို ကမောက်ကမဖြစ်စွာ ဖြတ်သန်းရင်း ကံတိုက်ဆိုင်စွာ“တူဆာဂယ်”ဆိုတဲ့ Band ရဲ့ အဆိုရှင်တစ်ဖြစ်လဲ keyboard သမား ဂင်ဘုံး (Park Ji Hu) နဲ့ တွေ့ဆုံမိခဲ့ပါတယ်။ဂင်ဘုံးဟာလည်း လွန်ခဲ့တဲ့ ၆ နှစ် သူမ၏မိခင် မဆုံးပါးခင် Ivy League တက္ကသိုလ်တွေမှာ တက်ရောက်သင်ကြားနိုင်ဖို့ အမြဲအိပ်မက်မက်လေ့ရှိသူဖြစ်ပြီး မိခင်ဖြစ်သူ ဆုံးပါးသွားပြီးနောက်ပိုင်းမှာတော့ ဂီတဘက်ကိုစိတ်ဝင်စားလာခဲ့တာပဲဖြစ်ပါတယ်။ ဆရာဝန်မျိုးရိုးက ဆင်းသက်လာသူ ဆေးကျောင်းသားလေးတစ်ယောက်ဖြစ်တဲ့အပြင် ဉာဏ်ကောင်းထက်မြက်တဲ့ ဂစ်တာသမားလေးဖြစ်တဲ့ ဆောထယ်ယန်း (Lee Seung Hyup) တစ်ယောက်ဆာဂယ်နဲ့ ဂင်ဘုံးတို့ရဲ့ ဆက်ဆံရေးထဲ ပါဝင်ပတ်သက်လာတဲ့အခါ အချစ်အကြား စိတ်ရှုပ်ထွေးမှု ပြိုင်ဆိုင်မှုတွေနဲ့၃ ယောက်သား သူတို့ရဲ့ ဂီတလမ်းကြောင်းအပေါ် ဘယ်လိုအောင်မြင်အောင် လျှောက်လှမ်းသွားမလဲဆိုတာကိုလူငယ်ဆန်ဆန် သီချင်းဂီတလေးတွေ ထည့်ပြီး ရိုက်ကူးထားတာမို့လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။