လွန်ခဲ့တဲ့ (၁၀) နှစ်မှာစစ်ကုဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် လီရှန်းယိဟာတစ်လောကလုံးသိုင်းဝိဇ္ဇာတစ်ယောက်အနေနဲ့ သိုင်းလောကမတရားမှုကိုတွန်းလှန်ပြီး တရားမျှတမှုကိုအလင်းဆောင်တဲ့ခေါင်းဆောင်ကောင်းဖြစ်ခဲ့တာပေါ့။ တစ်နေ့မှာ ကျင်းယွမ်းမဟာမိတ်အဖွဲ့ခေါင်းဆောင်တီဖေးရှန်းနဲ့အရှေ့ပင်လယ်မှာ ယှဉ်ပြိုင်ဖို့ ချိန်းဆိုကြရင်းသိုင်းဝိဇ္ဇာနှစ်ယောက် သိုင်းလောကကနေပျောက်ကွယ်သွားခဲ့တယ်။ (၁၀) နှစ်ကြာပြီးနောက်မှာ ရွာလေးတစ်ရွာမှာနယ်လှည့်သမားတော်လီလျန်ဟွားအဖြစ် တဖန်ပြန်လည်ပေါ်ပေါက်လာတဲ့အချိန်မှာ အမှတ်မထင်နာမည်ဂုဏ်သတင်းသင်းပြန့်ပြန့်နှက်သွားကာ နတ်ဆေးသမားတော်အဖြစ်တင်စားကြပါတော့တယ်။အဲ့အချိန်မှာ တရားမျှတမှုကိုလိုလားပြီးတလောကလုံးအေးချမ်းမှုကိုမြတ်နိုးတဲ့ အိပ်မက်မျိုးပိုင်ဆိုင်ထားသော လူငယ်သူရဲကောင်း ဖန်းသောပင့်ကလီလျန်ဟွားကိုသံသယဖြစ်စရာလူလို့ ထင်နေခဲ့တယ်။တချိန်တည်းမှာပဲ လီရှန်းယိနဲ့ရန်သူတစ်လျှောက်လုံးဖြစ်ခဲ့တဲ့တီဖေးရှန်းကလည်း တဖန်ပြန်ပေါ်လာပြီးနယ်လှည့်သမားတော်လီလျန်ဟွားက လီရှန်းယိလို့ထင်နေခဲ့တယ်။သုံးဦးသားမှုခင်းတစ်ခုကိုစုံစမ်းကြရင်ခိုင်မာတဲ့ မိတ်ဆွေသူငယ်ချင်းသံယောဇဉ်ထုံးဖွဲ့ချည်နှောင်ပြီးတဲ့နောက်မှာသိုင်းလောကရဲ့ အရူပ်အထွေးတွေကိုအတူတူဘယ်လို ဖြေရှင်းဖော်ထုတ်ကြမလဲ။သုံးဦးသားရဲ့အိပ်မက်ဖြစ်ခဲ့တဲ့တရားမျှတမှုကိုကော ဘယ်လိုအနိုင်ရယူပြီးတစ်လောကလုံးကို ငြိမ်းချမ်းအောင်ဘယ်လိုလုပ်မလဲဆိုတာတော့ဒီဇာတ်လမ်းတွဲကို CM ဘာသာပြန်အဖွဲ့သားတွေနဲ့ CM ပရိသတ်များအတူတူအဖြေရှာကြလိုက်ရအောင်။ဇာတ်လမ်းတွဲမှာတော့ လီရှန်းယိ,လီလျန်ဟွားအဖြစ် Chengyi, ဖန်းသောပင့်အဖြစ် Zeng Shun Xi ,တီဖေးရှန်းအဖြစ် Xiao Shun Yao တို့ကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။