အီထယ်ဂျွန်းက အောင်မြင်တဲ့အမှုစစ်တစ်ယောက်ဖြစ်ပြီး သူ့အနာဂတ်ကလည်း ဖြောင့်ဖြူးတောက်ပနေသူတစ်ဦးပါ…တစ်ရက်မှာတော့ နိုင်ငံရေးအရှုပ်အထွေးတစ်ခုနဲ့ လာဘ်စားတယ်ဆိုပြီး ဖမ်းဆီးခံလိုက်ရပါတယ်…အီထယ်ဂျွန်းအမှုဖြစ်တဲ့အချိန်မှာ ရှေ့နေအလုပ်ကနေ ၁၃ နှစ်ကြာ အနားယူပြီးတော့ အိမ်ရှင်မတာဝန်ပဲ လုပ်ကိုင်နေခဲ့တဲ့သူ့ရဲ့ အမျိုးသမီးဖြစ်သူ ဂျောင်ဒိုယွန်တစ်ယောက် ရှေ့နေလောကထဲကို ပြန်လည်ဝင်လာခဲ့ပါတယ်…အချိန်အကြာကြီးနေမှ ပြန်လည်ဝင်ရောက်လာပြီးတော့ အသားမကျတဲ့ပတ်ဝန်းကျင်အခြေအနေမှာယောက်ျားဖြစ်သူရဲ့ အမှုနဲ့ပတ်သက်တာတွေရော…သူမကိုင်ပေးရတဲ့ အမှုတွေနဲ့ပတ်သက်လို့ရောဒိုယွန်တစ်ယောက် ဘယ်လိုဖြေရှင်းသွားမလဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ရှုစားလိုက်ပါဦးနော်…